မင်္ဂလာပါအာဗီအေ
ကျမက အာဗီအေအစီအစဉ်တွေကို အင်တာနက်ကနေ အမြဲတမ်းနားထောင် တဲ့ အွန်လိုင်းသောတရှင်စစ္စတာရ်မာဂရက်အယ်လ်ဖော ပါ။ အင်တာနက်ကနေဆိုတော့  အချိန်မရွေးနားဆင်လို့ ရတယ်။ မအားတဲ့အခါဒေါင်းလိုဒ် လုပ်ထားပြီး နား ထောင်တယ် ပြီးတော့အခြားမိတ်ဆွေတွေဆီလည်း အီးမေးလ်နဲ့ ပို့ ပေးတယ်လေ။အစီအစဉ်တွေအား လုံးက အရမ်းကောင်းပြီး ၀ိညာဉ်ခွန်အားရရှိတာ မို့ အာဗီအေကို ကျေးဇူးတင်ရင်း ဘုရားရှင်ဂုဏ်တော်ချီးမွမ်းရင်းဖြင့်၊
စစ္စတာရ်မာဂရက်အယ်လ်ဖော၊ SFX
Jacksonville, Florida 

 

သို့ အာဗီအေ မြန်မာဘာသာအစီအစဉ်
ခုတလော အကြံပေးစာတွေတောင်းလာလို့ ကျွန်တော်လည်း အကြံတစ်ခုလောက် ပေးပါရစေ။ တစ်ခြားရေဒီယိုအစီအစဉ်တွေမှာ နံနက်စောစော ဆိုရင် ဓမ္မတေးတွေ လွှင့်တာကို ကြားရပါတယ်။ သင့်လည်းသင့်တော်ပါတယ်။ ဒါကြောင့် အာဗီအေလည်း ဖြစ်နိုင်ရင် မနက် ၆ နာရီမှာ မေတ္တာတေးမဟုတ်ပဲ ဓမ္မတေးကို ထုတ်လွှင့်ပေးစေခြင်ပါ
တယ်ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်။
ဘရာသာရ်ပီတာရှန်ဒိတ်၊ စိန်ပေါလ် 

 

သို့ 
စစ္စတာရ်လူစီယားသန္တာအောင်
မင်္ဂလာပါစစ္စတာရ်၊
စစ္စတာရ်ရဲ.ကက်သလစ်ဘာသာအကြောင်းသိကောင်းစရာဂဏ္ဍကိုအထူးနားဆင်ဖြစ် တယ်။ ရဟန္တာအကြောင်းလေးတွေကိုလည်းလွှင့်ပေးအုံးနော်။ ဒါမှကိုယ်မသိရသေးတဲ. ရဟန္တာတစ်ချို.အကြောင်းတွေကိုသိရမှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ အကြောင်း တွေကိုနားဆင်ရတာ၊သဘောကျတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုံးမသြ၀ါဒတွေကိုနား ဆင်ရတာ ၀ိညာဉ်အတွက်ခွန်အားယူစရာများစွာရရှိတယ်။ဘာသာရေးသတင်းတွေ မှာလဲပုပ်ရဟန်းမင်းကြီးအကြောင်းတွေကိုသိရတော့ကိုယ့်ဘာသာရေးနဲ့ ပတ်သက်လို့  တော်တော်များများသိရပါတယ်။ အကြောင်းအရာအားလုံးကောင်းသထက်ကောင်း အောင်လွှင့်ပေးနေတဲ့အာဗီအေနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ ဖာသာရ်များ၊စစ္စတာရ် များနဲ့ ကျန်ညီကိုမောင်နှမအားလုံးကိုဘုရားသခင်ကောင်းကြီးပေးပြီး အာဗီအေဒီထက် တိုးတက်ပါစေလို့  ဆုတောင်းရင်းကျေးဇူးတင်ပါတယ်။ သြော်စစ္စတာရ်ရေ၊ ဖာသာရ်ပေါ်လီနူးစ်ကိုလည်းပြောပေးပါအုံး ဖာသာရ်ရဲ့ တနင်္ဂနွေနေ့ သြ၀ါဒကိုအရမ်း ကြိုက်ကြောင်း၊အရမ်းလည်းကောင်းတဲ့ အကြောင်းပြောပေးပါ။ ဖာသာရ်ရဲ့ သြ၀ါဒကို တစ်အိမ်သားလုံးနားဆင်ရင်းဝိညာဉ်ခွန်အားများစွာရရှိနေကြောင်းပြောပေးပါနော်။
ရိုစ့်ဒါနီအဲလ်
ဘီတီရေကူးကန်
ပြင်ဦးလွင်မြို.၊နောင်ခမ်းကြီး

 

သို့ 
အာဗီအေ
ကျမကမအက်စတာအိအိထိုက်ပါ ကျမအမျိုးသားကတော့ ဂျေရုမ်းစောအယ်ဂေး ဖြစ်ပြီး ကျမတို့ မှာ ခရစ္စတီနားနဲ့ ဖရန်စစ်ဆို တဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။ ကျမတို့ က မင်္ဂလားဒုံ စိန်အက်ဒြက် ရန်ကုန်သာသနာကပါ အာဗီအေကို မြန်မာပြည်မှာ ကထဲကနားဆင်ပါတယ်။မလေးရှားရောက်တော့လည်း နေ့ တိုင်း လိုလိုနား ဆင်ဖြစ်တယ်။ ကျမတို့  မိသားစုအတွက် ၀ိညာဉ်ခွန်အား၊ ကာယခွန်အားတွေအများ ကြီးရခဲ့ပါတယ်၊ အခု U.S ရောက်တော့လည်းဆက်ပြီးအားပေးနားဆင်နေမှာပါနော်။
ကျေးဇူးတင်လျှက်၊
အက်စတာအိအိထိုက်