သဘာဝတရားနှင့် အစိမ်းရောင်ပတ်ဝန်းကျင်မှ ပေးစွမ်းသော ကောင်းကျိုးများ

ထိန်းသိမ်းကြစေ သဘာဝအမွေ

ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်လေးမှာတော့ " သဘာဝတရားနှင့် အစိမ်းရောင်ပတ်ဝန်းကျင်မှ ပေးစွမ်းသော ကောင်းကျိုးများ " ဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်က လူသားတွေရဲ့ ကျန်းမာရေးအပေါ် ထိရောက်စွာ ကောင်းကျိုးပြုနိုင်ကြောင်း သုတေသနလေ့လာချက်တွေမှာ ထင်ရှားစွာ ထောက်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယိ့လည်း ခေတ်ရဲ့ ဖွံ့ဖြိုးလာမှုတွေနဲ့အတူ တိုးချဲ့ကျယ်ပြန့်လာတဲ့ မြို့ပြတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ အစိမ်းရောင်မြေပြင်‌တွေ တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေရဲ့ တစ်နေ့တာမှာလည်း သဘာဝတရားနဲ့ ထိတွေမှုတွေ နည်းပါးလာပြီး ကျန်းမာရေးဆိုင်ရာ အားနည်းချက်တွေ ရှိလာတယ်ဆိုတဲ့အချက်ကိုပါ သုတေသီတွေရဲ့ ဖော်ထုတ်ချက်တွေအရ သိရှိရပါတယ်။ ဒီလို အကြောင်းအရာတွေကို လူ့ပတ်ဝန်းကျင်မှာ ပိုမိုသတိထားမိလာအောင်၊ ပိုမိုသိရှိနားလည်လာအောင်နဲ့ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကို မြို့ပြတွေမှာ ပိုမိုဖန်တီးလာအောင် အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အစိမ်းရောင်သဘာဝတရားရဲ့ လူသားတွေအပေါ် အကျိုးပြုချက်အချို့ကို မျှဝေလိုက်ပါတယ်။

စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ လျော့ကျစေခြင်း

အစိမ်းရောင်သဘာဝပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ် ငြိမ်သက်ခြင်းနဲ့အတူ လန်းဆန်းတဲ့ လေ၊ ရေ၊ မြေ အနေအထားတွေဟာ လူတွေရဲ့ စိတ်အခြေနေကို ပိုမို တည်ငြိမ်လာစေပြီး စိတ်ဖိစီးမှုကိုပါ လျှော့ချပေးပါတယ်။ ဥပမာ - စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်မှာ တရားထိုင်ခြင်းအားဖြင့် ဦးနှောက်အတွင်းထဲမှာရှိတဲ့ ကော်တီဇုန်းဆဲလ်နဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကို လျှော့ချပြီး စိတ်ငြိမ်သက်အောင် ကူညီပေးပါတယ်။

စိတ်ပိုင်းဆိုင်ရာအခြေအနေကို တိုးတက် ပျော်ရွှင်စေခြင်း

အစိမ်းရောင် သဘာဝတရားနဲ့ ထိတွေ့ခြင်းဖြင့် ဦးနှောက်ဆဲလ်အမျိုးအစားတွေဖြစ်တဲ့ စီရိုတိုမင်နဲ့ ဒိုဖာမင်ဆဲလ် ဆိုတဲ့ဟော်မုန်းတွေ တိုးမြင့်လာနိုင်ပြီး သူတို့တွေဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့ စိတ်အခြေအနေကောင်းမွန်းခြင်းကို တိုးမြင့်စေပါတယ်။

ခန္ဓာပိုင်းဆိုင်ရာ လှုပ်ရှားမှု

လူ့အဖွဲ့အစည်းနဲ့ အစိမ်းရောင်ပတ်ဝန်းကျင်တို့ရဲ့ အဓိကချိတ်ဆက်မှုဖြစ်တဲ့ စိတ်နဲ့ခန္ဓာ ကျန်းမားရေဆိုင်ရာလေ့ကျင့်ခန်းတွေကလည်း လူမှုပတ်ဝန်းကျင်ကို အကောင်းဆုံးကူညီပံ့ပိုးပေးနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီအဖွဲ့တွေရဲ့ ဖော်ပြချက်အရ ဘယ်ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုမဆို အစိမ်းရောင်ရေမြေမှာ ပုံမှန်ပြုလုပ်ခြင်းအားဖြင့် အကောင်းဆုံးသော စိတ်နဲ့ခန္ဓာ ကျန်းမာခြင်း ဆုလာဘ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရော စိတ်ပါ ကျန်းမာ၊ ပျော်ရွှင်ဖို့ဆိုတာ အစိမ်းရောင်သဘာဝတရားနဲ့ ပုံမှန်ထိတွေ့ခြင်းအားဖြင့် အကျိုးရလဒ်ကောင်းတွေ ရရှိနိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။

တင်ဆက်/တည်းဖြတ် - Pinky Thiri Kyaw

source : EHS Myanmar

#rvamyanmar #rvapastoralcare #nature #Environment #mentalhealth #naturehealing #environmentaleducation

Add new comment

7 + 0 =