မစနောက်ပါနဲ့

ကျမ တို့မြန်မာလူမျိုးတွေဟာ စ နောက်ရတာကို နှစ်သက်ကြပါတယ်။

အဲလို စ နောက်တာ/နောက်ပြောင်ကျီ စယ်တာက တစ်ယောက်နဲ့တစ်ယောက်ကြားက

ခင်မင်ရင်းနှီးမှုကို ခိုင်မြဲစေတယ်လို့ ထင်နေကြတာဟာ လုံးဝ မှားယွင်းတဲ့ ခံယူချက်ပါပဲ။

စနောက်ခြင်းရဲ့ အဆုံးသတ်က ဒေါသနဲ့ ရန်ပွဲ/ခင်မင်မှု ပျက်ပြားရခြင်းပဲ ဖြစ်လာပါတယ်။

ဒါကြောင့် လူကြီးပဲဖြစ်ဖြစ် /ကလေးကိုပဲဖြစ်ဖြစ် လုံးဝ မစ နောက်သင့်ပါဘူး။

လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို စ တဲ့အခါ နစ်နာစေလိုတဲ့ ရည်ရွယ်ဆိုးကြီး ရှိမနေတာတော့ အမှန်ပါပဲ။

ကိုယ်စလိုက်တာကို ကလေးက တစ်ကယ်ထင် သွားတဲ့ အမူအရာ ဒါမှမဟုတ် ကက်ကက်လန်ပြန်ရန်တွေ့/ ဆဲတဲ့ပုံစံ/စိတ်တိုတာလေးက ချစ်ဖို့ကောင်းတယ်။စချင် စရာလေး ဆိုပြီး စ ကြတာပါပဲ။

ဒါပေမဲ့ အဲလို စနောက်ခြင်း ဟာ ကြိမ်ဖန်များစွာ ဖြစ်လာတဲ့အခါ စိတ်ပညာအရ ကလေးစိတ်ထဲ ဒဏ်ရာတွေဖြစ်လာနိုင်ပါတယ်။

ပတ်ဝန်း ကျင်က လူတွေရဲ့ စ နောက်ခြင်းကို အမြဲခံစားနေရတဲ့ ကလေးတစ်ယောက်ဟာ (၁)ခံစားမှု ကျလိုက်/မြင့်လိုက်နဲ့ ကမောက်ကမဖြစ်လာ နိုင်ပါတယ်။

(၂)ကိုယ့်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာပါတယ်။ (၃)လူတွေအပေါ် သံသယစိတ်တွေလွန်ကဲပြီး ဘယ်သူ့ကို မှ မယုံကြည်တဲ့ခံယူချက်ရှိလာနိုင်ပါတယ်။

(၄)ရှက်ရွံစိတ်/ကြောက်စိတ် လွန်ကဲလာနိုင်ပါတယ်။

(၅)အထီးကျန်ဆန်ပြီး လူတောမတိုး/လူမှုရေး ညံ့ဖျင်းလာ နိုင်ပါတယ်။

(၆)လူတိုင်း ကို အဆိုးမြင်စိတ်နဲ့ တစ်ယူသန်သမားဖြစ်လာ နိုင်ပါတယ်။

(၇)သူတပါးကို ကိုယ်ထိလက်ရောက်ထိပါးစော်ကားတတ် သူဖြစ်လာနိုင်ပါတယ်။ (၈)အခြေအနေတိုင်းမှာ စိုးရိမ်စိတ်လွန်ကဲနေတတ်ပါတယ်။

ကလေးကို ငိုအောင်စပြီး ကလေးက ဒေါသထွက်လို့ ပြန်ရန်တွေ့/ပြန်ဆဲတဲ့အခါ

ဒါမှမဟုတ် ပြန်ရိုက်တာမျိုးလုပ် လာတဲ့အခါ "ကလေးက စွာလိုက်တာ/ဆိုးလိုက်တာ"လို့ ပတ်ဝန်းကျင်က တံဆိပ်ကပ်ပြီး

"အမေက မဆုံးမဘူးထင် တယ်" ဆိုတဲ့ စကားထိပြောလာကြတဲ့အခါ ဒီ စ နောက် ခြင်းက မိသားစုပြဿနာဖြစ်လာစေပါတော့တယ်။

ဒါ ကြောင့် ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ဖြူစင်တဲ့ အယုံလွယ်တဲ့ ကလေးတွေကို အပျော်သဘောနဲ့ စနောက်ပြီး

သူတို့ခံစား မှုတွေ/ဘဝတွေကို အရောင်မဆိုးသင့်ပါဘူး။

ဒါကြောင့် ကလေးရှိတဲ့ မိဘတွေ/မိသားစုဝင်တွေအနေ နဲ့ အပြုအမူအပြောအဆို အထူးသတိထားဖို့လိုအပ်ပါတယ်။

ကလေးက နားမလည်တာလို့ မထင်လိုက်ပါနဲ့။

သူတို့ က စကားပြန်မပြောတတ်သေးရင်သာ နေမယ် လူကြီး ပြောသမျှကို အကုန်လုံး နားလည်နေပါတယ်။

ကလေးစိတ် ပညာရှင်တွေက ကလေးတစ်ယောက်ဟာ ခုနှစ်လအရွယ် ကစပြီး သူ့ကို သူတို့မိဘတွေက ဘယ်လိုပုံစံနဲ့ပြုစုပျိုး

ထောင်နေသလဲဆိုတာကို သွေးတိုးစမ်းနေတဲ့အချိိန်ဖြစ် တယ်လို့ ဆိုထားကြပါတယ်။

ဒါကြောင့် ကိုယ့်မိသားစုဝင် တွေရဲ့ ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ စ နောက်ခြင်းက

ကိုယ့်ကလေးကို စိတ်ဒဏ်ရာပေးနေတာမျိုး မဖြစ်ရအောင် မိဘတွေအနေနဲ့ ဂရုစိုက်ပေးဖို့လိုပါတယ်။

Add new comment

4 + 0 =