မသိနားမလည်သူတွေအသံထွက်လာရင်အသိဉာဏ်ရှိသူတွေကပါးစပ်ပိတ်ထားပေးလိုက်ပါ

ဒီကနေ့သီရိဂေဟာအစီအစဉ်ထဲကလူငယ်ကဏ္ဍအနေဖြင့် မသိနားမလည်သူတွေအသံထွက်လာရင်အသိဉာဏ်ရှိသူတွေကပါးစပ်ပိတ်ထားပေးလိုက်ပါ ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။မြည်းကကျားကိုပြောတယ် "မြက်တွေကပြာလဲ့နေတာပဲ လှလိုက်တာ" ကျားက မျက်နှာမဲ့ရွဲ့ပြီး " မြက်တွေကအစိမ်းပါဟ ကန်းနေလား" တဲ့ xxxxxxxxxx သူတို့အငြင်းအခုံဟာ ပြင်းထန်ကျယ်လောင်လာတယ် အဆုံးမတော့ ပြဿနာကို ခုံသမာဓိနဲ့ဆုံးဖြတ်မယ်ဆိုပြီး ၂ဖက်သဘောတူကြသတဲ့ သည်တော့ တောဘုရင်ခြင်္သေ့ဆီကို သွားကြလေတယ် xxxxxxxxxx ခြင်္သေ့ဟာသူ့ပလ္လင်ပေါ်မှာထိုင်နေတယ် မြည်းကစပြောတယ် " အသင်မင်းကြီး မြက်တွေဟာ အပြာရောင်ဆိုတာဟုတ်တယ်မဟုတ်ပါလား ?" ခြင်္သေ့ကပြန်ဖြေတယ် " မှန်တယ် မြက်ဟာအပြာပေါ့ကွ " မြည်းကဆက်ပြောတယ် " ဒီကောင်လေ ကျားပေါ့ အပြာမဟုတ်ဘူး လို့ငြင်းတယ် တော်တော်အငြင်းသန်တယ် သူ့ကိုအပြစ်ပေးပါ " ခြင်္သေ့ကအမိန့်ချတယ် " ကျားသည် ၅နှစ်တိတိစကားမပြောပဲတိတ်တိတ်နေရမည် " တဲ့ အဲ့သည့်လိုအမိန့်ချလိုက်တော့ မြည်းဟာပျော်ရွှင်ခုန်ပေါက်ပြီး ပြန်သွားသတဲ့ လမ်းတလျှောက်လုံးမှာလည်း " မြက်ဟာအပြာ မြက်တွေဟာအပြာရောင် "လို့ အော်သွားတာကိုကြားကြရတယ် xxxxxxxxxx ကျားဟာစိတ်မသက်မသာနဲ့အပြစ်ဒဏ်ကိုခံယူရင်း ခြင်္သေ့ကိုမေးလိုက်တယ် " မင်းကြီး !!! ဘာလို့ အပြစ်ပေးရတာလဲ မြက်တွေအစိမ်းရောင်ဆိုတာသိသားနဲ့ " ခြင်္သေ့ကပြောတယ် "တကယ်တော့ မြက်ဆိုတာအစိမ်းပါကွ" ဒါဆိုဘာလို့ကျွန်တော့်ကိုအပြစ်ပေးတာလဲ ? " မြက်တွေဟာအစိမ်းလား အပြာလားဆိုတဲ့ မေးခွန်းကို ဂရုစိုက်ဖြေရှင်းစရာကိုမလိုဘူး မင်းလို ရဲရင့်ပြီး အသိဉာဏ်မြင့်တဲ့ ကျားတစ်ကောင်ဟာ မြည်းလိုအကောင်နဲ့ အချိန်ကုန်ခံပြီး အငြင်းအခုံလုပ်တာဟာ မဖြစ်သင့်ဘူး ဒါ့ကြောင့်ရယ် ပြီးတော့ သည်လိုမေးခွန်းမျိုးအတွက်နဲ့ ငါ့ဆီအထိလာပြီး အနှောင့်အယှက်ပေးတာရယ်ကြောင့် အပြစ်ပေးရတာပဲကွ " လို့ ခြင်္သေ့ကပြောလိုက်ပါသတဲ့ xxxxxxxxxxxx အမှန်တရားနဲ့ အရှိတရားကို မဆင်ခြင်နိုင်မမြင်နိုင်ဘဲ သူတို့ထင်ရာမြင်ရာတွေကသာ အမှန်ဖြစ်ရမယ် ဆိုတဲ့ တယူသန်အရူးတွေနဲ့ အငြင်းအခုံလုပ်ရင်း အချိန်တွေကုန်ရတာဟာအဆိုးရွားဆုံး ပါပဲ အဓိပ္ပာယ်မဲ့တဲ့ အကြောင်းအရာတွေအတွက် အချိန်ကုန်မခံပါနဲ့ တချို့သောလူတွေဟာ အထောက်အထားတွေနဲ့ဘယ်လို ရှင်းပြပေမဲ့ သူတို့မှာနားလည်နိုင်စွမ်းအားမရှိကြပါဘူး တချို့ကတော့ အတ္တစိတ် အမုန်းစိတ် မကျေချမ်းမှုစိတ် တွေနဲ့ အကန်းလိုဖြစ်နေကြပါတယ် အဲ့သည့်လိုလူမျိုးတွေ လိုချင်နေတာကတော့ သူတို့ဘယ်လောက်မှားနေပါစေ သူတို့ကိုမှန်တယ်လို့ပြောပေးမှကြိုက်ကြပါတယ် " မသိနားမလည်သူတွေအသံထွက်လာရင် အသိဉာဏ်ရှိသူတွေက ပါးစပ်ပိတ်ထားပေးလိုက်ပါ သင့်ရဲ့ တည်ငြိမ်အေးချမ်းမှုကပိုတန်ဖိုးရှိလို့ပါ သူတို့ကြောင့်မပျက်စီးပါစေနဲ့ " 

Add new comment

2 + 0 =