ကမ္ဘာ့လူငယ်များပွဲနေ့အတွက် ဆုတောင်းပေးကြပါစို့။

ကမ္ဘာ့လူငယ်များပွဲနေ့အတွက် ဆုတောင်းပေးကြပါစို့။

ဩဂုတ်လအတွက် ပုပ်ဖရန်စစ်ရဲ့ ဆုတောင်း ရည်ရွယ်ချက်က “ကမ္ဘာ့ လူငယ်များပွဲနေ့”ကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဖြစ်ပါတယ်။

#အမေး - ကျွန်ုပ်အိမ်နားက ဘုရားကျောင်း သွားတက်ချိန်မှာ သက်ကြီးရွယ်အိုတွေပဲ တွေ့ခဲ့ပါတယ်။ ဘုရားကျောင်းက သက်ကြီးရွယ်အိုတွေ အတွက်ပဲ ဆောက်ထားတာလား။

#အဖြေ - ဘုရားကျောင်းက သက်ကြီးရွယ်အိုအတွက်ပဲ မဟုတ်သလို လူငယ်တွေအတွက်ထဲလည်း မဟုတ်ပါဘူး။ ဘုရားကျောင်းက သက်ကြီးရွယ်အို အတွက်ပဲ ဆိုရင်တော့ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ လူငယ်တွေနဲ့အတူနေရင် မိမိလည်း ငယ်သွားတယ်လို့ ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်(၂) မိန့်ဆို ခဲ့ဖူးပါတယ်။ အိုဟောင်းတဲ့ ဘုရားကျောင်း မဖြစ်လာအောင်ဘုရားကျောင်းမှာ လူငယ်တွေ လိုအပ်ပါတယ်။

#လူငယ်များ - ချစ်လှစွာသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၊ "မာရီးယားသည်ထ၍​ တောင်ကုန်း အရပ်သို့ အလျှင်အမြန်သွား​လေ၏”ဆိုပြီး ကမ္ဘာ့ လူငယ်များနေ့ပွဲရဲ့ခေါင်းစဉ်ကို ဘာကြောင့် ရွေးချယ်ရတာလဲ။

#ပုပ်ရဟန်းမင်းကြီး - ဘာကြောင့်လဲဆိုတော့ မာရီးယားဘုရားရှင်ရဲ့မိခင် ဖြစ်ရတော့မယ်ဆိုတာ သိရှိသွားတာနဲ့ သူမဟာ ‘စယ်ဖီ’ဓာတ်ပုံရိုက်ပြီး အချိန်ဆွဲ မနေတော့ဘူး။ သူမပထမဆုံး လုပ်ဆောင်တာက သူများကိုကူညီဖို့နဲ့ အစေခံနိုင်ဖို့အတွက်အလျင်အမြန်ခရီးထွက်လာခဲ့ပါတယ်။ သင်တို့လည်း မာရီးယားလိုမျိုး သူများကိုခရီးထွက်ပြီးကူညီအမှုဆောင်နိုင်ဖို့ သင်ခန်းစာ ယူနိုင်ပါတယ်။

#လူငယ်လီများ

စဘွန်မြို့မှာကျင်းပတဲ့ ကမ္ဘာလူငယ်များနေ့ အတွက် သင်ဘာတွေကို မျှော်လင့်ထား ပါသလဲ။

#ပုပ်ရဟန်းမင်းကြီး

ဘွန်ကနေ ကမ္ဘာ့အနာဂတ်အတွက် မျိုးစေ့ရတာကို ကျွန်ုပ် မြင်ချင်ပါတယ်။ ချစ်ခြင်းမေတ္ဆာကို အဓိကထားတဲ့ ကမ္ဘာကြီးဖြစ်ပြီး ကျွန်ုပ်တို့အားလုံးဟာ ညီအစ်ကိုမောင်နှမ ဖြစ်တယ်ဆိုတဲ့ အသိတရားနဲ့ ပြည့်ဝတဲ့ ကမ္ဘာကြီးဖြစ်ရမယ်။ ကျွန်ုပ်တို့ စစ်ဖြစ်နေရင် တခြားအရာတွေ လိုအပ်နေမှာ ဖြစ်ပါတယ်။ ဧဝံဂေလိ သတင်းကောင်းကို သက်သေခံတဲ့ ကမ္ဘာကြီး ဖြစ်ရပါမယ်။ ပျော်စရာကောင်းတဲ့ ကမ္ဘာဖြစ်တယ် - အဲဒီလိုမဟုတ်ရင်တော့ ကျွန်ုပ်တို့ ခရစ်ယာန်တွေ မပျော်ရွှင်နိုင်ပါဘူး၊ ကျွန်ုပ်တို့ကို ဘယ်သူကမှ အသိအမှတ်ပြုပြီး ယုံကြည်ကြမှာ မဟုတ်ပါဘူး။

#လူငယ်များ

စဘွန်မြို့က ကမ္ဘာလူငယ်များပွဲနေ့ကနေ လူငယ်တွေ ခရီးအစပြု နိုင်ဖို့နဲ့ ကျွန်ုပ်တို့ရဲ့အသက်တာ အားဖြင့်ဧဝံဂေလိ သတင်းကောင်းကို သက်သေခံသူများ ဖြစ်အောင် ဆုတောင်းကြပါစို့။

✍️ထန်းဟာ SJ

#rvamyanmar #rvapastoralcare #PopeFrancis

Source: Catholic News Service 

Add new comment

1 + 1 =