နောင်ဖြစ်လာမည့်ရဟန်းမင်းကြီးသည် မည်သည့်ကမ္ဘာ့တိုက်ကြီးမှဖြစ်မည်နည်း။

နောင်ဖြစ်လာမည့်ရဟန်းမင်းကြီးသည် မည်သည့်ကမ္ဘာ့တိုက်ကြီးမှဖြစ်မည်နည်း။ ဉာဏ်စမ်းပဟေဌိအဖြေညှိှရသည်ကိုအချို့အလွန်နှစ်ခြိုက်ကြသည်။ အချို့သည် ဉာဏ်စမ်းပုစ္ဆာကိုစိတ်မှန်းဖြင့်တွက်ချက်ဖြေဆိုရသည်ကိုအလွန်နှစ်ခြိုက်ကြသည်။ ယခုလည်း အမိကက်သလစ်သာသနာတော်ကြီး၏ အနာဂတ်ကိုကြိုတင်ဟောကိန်းထုတ်ရမည့်ပဟေဌိဆန်ဆန်မေးခွန်းတစ်ခုကိုမေးနေကြသည်။ ထိုမေးခွန်းကား လက်ရှိရဟန်းမင်းကြီး ဖရန်စစ်၏အရိုက်အရာကိုဆက်ခံမည့်ရဟန်းမင်းကြီးသည် မည်သည့်ကမ္ဘာ့တိုက်ကြီး၊ မည်သည့်နိုင်ငံမှဖြစ်မည်နည်းဟုဖြစ်ပါသည်။ ယခုတစ်ပြေးနေကြသော ရဟန်းမင်းကြီးဖြစ်လာနိုင်ချေရှိသူများ၏အမည်မှာ (၂၁) ပါးရှိနေပါသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် အမှတ်မထင်ဘဲကာဒီနယ်အဖွဲ့ထဲသို့ အဖွဲ့၀င်ထပ်တိုးလိုက်ပြီး လာမည့်စက်တင်ဘာလ (၃၀) ရက်နေ့၌အတည်ပြုကြေညာမည်ဖြစ် သည်။ ထပ်တိုးဦးရေများကြောင့် ကက်သ လစ်သာသနာအတွင်း ကာဒီနယ်ဦးရေ (၂၄၃) ပါးရှိလာမည်ဖြစ်ပြီး ၄င်းတို့အနက် (၁၃၇) ပါးသာ သက်တော် (၈၀) မကျော်သေးသူများဖြစ်၍ ရဟန်းမင်းကြီးအသစ်ရွေးချယ်ရန်အခြေအနေရှိလာပါက မဲပေးပိုင်ခွင့်ရှိသူများဖြစ်ကြသည်။ အစဉ်အလာအရ များသောအားဖြင့် ကာဒီနယ်ဖြစ်လာကြသူများမှာ ဆရာတော်ကြီးများဖြစ်ကြသည်။ သို့သော် ယခုကာဒီနယ်အသစ်ဖြစ်လာကြမည့်အဖွဲ့ထဲ၌ အားလုံးအတွက်အံ့အားသင့်စရာများဖြစ်လာမည်။ အဘယ်ကြောင့်ဆိုသော် ဖာသာရ် Ángel Fernández Artime ကဲ့သို့ ကမ္ဘာပေါ်ရှိဆာလေးရှင်းအသင်း ၏တာ၀န်ခံသည်လည်းကောင်း၊ အသက်အရွယ်အရ တက်ကြွလှုပ်ရှားသောရဟန်းအဖြစ်မှအနားယူသွားပြီးနောက်ပိုင်း (၁၆) နှစ်လုံးလုံး အာပတ်ဖြေနားထောင်မပြတ်ခဲ့သော သက်တော် (၉၆) နှစ်ရှိ အာဂျင်တီနားနိုင်ငံမှ ဖာသာရ် Luis Pascual သည်လည်း ကောင်း ကာဒီနယ် (၂၁) ပါးတွင်ပါလာမည်ဖြစ်သည်။ ရဟန်းမင်းကြီးအသစ်ရွေးချယ်သောအစီအစဉ်များ၌ မဲပေးပိုင်ခွင့်ကိုသက်တော်များအားဖြင့်ကန့် သတ်ထားသော်လည်း ကာဒီနယ်များဆိုင်ရာအစည်းအ ​ေ၀းများကိုမူ အသက်အရွယ်မရွေးတက်ရောက်နိုင် သည်။ အဘယ်ကြောင့်ဆိုသော် ဆွေးနွေးပွဲများ၌ ၀ါရင့်၊ သမ္ဘာကြီးကာဒီနယ်များ၏ ပါ၀င်ဆွေးနွေး‌ေ၀မျှခြင်းကြောင့်လည်း ပို၍နည်းလမ်းမှန်ကန်စနစ်ကျအောင်စီစဉ်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင်ကလည်း သူဦးဆောင်နေသောကာလအတွင်းပြုပြင်ပြောင်းလဲမှုများသည် ၀ါကြီး၊ သမ္ဘာကြီး သော ကာဒီနယ်တို့၏တင်ပြဆွေးနွေးချက်များအပေါ်အခြေခံကြောင်းကိုလည်းမိန့်ကြားခဲ့ဖူးသည်။ ကာဒီနယ်ကြီးများ၏အထွေထွေအစည်းအဝေးအဆုံးသတ်ခြင်းနှင့်အတူရဟန်းမင်းကြီးအသစ်ရွေးချယ်ရန်လိုအပ်က တစ်ပါတည်းရွေးချယ်လေ့ရှိသည်။ နှစ်ပေါင်းတစ်ရာခန့်အထိ ကာဒီနယ်များ သည်အီတလီလူမျိုးအများဆုံးဖြစ်ခဲ့ရာ အီတလီကာဒီနယ်များကအိမ်ရှင်အဖြစ်အဓိကဦးစီးကျင်းပခဲ့သည်။ ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) ၏လက် ထက်မှစ၍ကာဒီနယ်အဖွဲ့ သည်နိုင်ငံ တကာမှကာဒီနယ်များလည်းပါလာခဲ့သည်။ သာသနာတော်ကြီးသည် ကာဒီနယ်များအားကမ္ဘာ့နိုင်ငံအသီးသီးမှရွေး ကောက်ခြင်းမှာ တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့်ဘုရားသခင်၏ဗီဇကိုလည်းဖော်ပြနေခြင်းဖြစ်သည်။ (၂၀၁၃) ခုနှစ်က ရဟန်းမင်းကြီးရွေးချယ်တင်မြောက်နိုင်ရန်ကျင်းပသောအစည်းအဝေးကြီးမှ တောင်အမေရိကား တိုက်မှပထမဦးဆုံးရဟန်းမင်းကြီးအဖြစ်ရွေးကောက်နိုင်ခဲ့သည်။ ၄င်းအပြင် အာဖရိက၊ တောင်အမေရိကား၊ အာရှတိုက်မှကာဒီနယ်ကြီးများစွာလည်းရှိပါသည်။ ဥပမာအားဖြင့် အာရှတိုက်မှကာဒီနယ်ကြီးများသည် လာ မည့်စက်တင်ဘာလ (၃၀) ရက်နေ့၌ အာရှတိုက်မှကာဒီနယ်အများဆုံးဖြစ်လာမည်ဖြစ်သည်။ ဤသည်မှာ ရဟန်းမင်းကြီးဖရန်စစ်၏လုပ်ဆောင်ချက်အသစ်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကမ္ဘာပေါ်ရှိကာဒီနယ်များဦးရေတိုးလာသည်နှင့်အမျှ နောင်ရဟန်းမင်းကြီးဖရန်စစ်၏အရိုက်အရာကိုဆက်ခံမည့်သူအဘယ်သူဖြစ်မည်နည်းဟုသာ၍ ဦးနှောက်စားတွေးတောကြရမည်သာ။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် https://bit.ly/44PZ5XW

Add new comment

15 + 2 =