ရဟန်းမင်းကြီးသက်တမ်း၌သူတော်စင်များအားမြွက်ကြားခဲ့သော ပုပ်ဖရန်စစ်၏ ဩ၀ါဒများ

ရဟန်းမင်းကြီးသက်တမ်း၌သူတော်စင်များအားမြွက်ကြားခဲ့သော ပုပ်ဖရန်စစ်၏ ဩ၀ါဒများ ရဟန်းမင်းကြီးဖရန်စစ်၏ ရဟန်းမင်းကြီးအမှုတော်ထမ်းဆောင်လာခဲ့သည့်ကာလတစ်လျှောက်၌ ရဟန်းလောင်းကိုရင်များ၊ သူတော်စင်များနှင့်ဘာသာရေးသင်တန်းကျောင်းများရှိသင်တန်းတာ၀န်ခံများအားမိန့်ကြားခဲ့သောဩ၀ါဒများ ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ရဟန်းမင်းကြီးအမှုတော်ဆောင်လာခဲ့သောကာလတစ်လျှောက်၌ သင်တန်းကျောင်းများ၌အမှုထမ်းနေသောသူများအား လမ်းညွှန်မှုများပေးခြင်းသည် အရေးကြီးသည်ဟုခံယူပြီးပေးခဲ့သည်။ အစုအဖွဲ့နှင့်နေထိုင်ခြင်းသည်ဟုအလွန်အခရာကျသည်ဟုရဟန်းမင်းကြီးခံယူသည်။ ရဟန်းလောင်း ကျောင်းများ၌ရဟန်းလောင်းကျောင်းသားများလုံး၀မရှိခြင်းလည်းမကောင်းသကဲ့သို့ များလွန်းခြင်လည်းမကောင်းကြောင်း၊ သင်တန်းကာလအတွင်းပို့ချလမ်းညွှန်ချက်များသည် အကျိုးလည်းရှိရပြီး၊ ထိရောက်မှုလည်းရှိရမည်ဖြစ်ကြောင်းမိန့်ကြားခဲ့ဖူးသည်။ ဤအကြောင်းနှင့်စပ်လျင်း၍ စပိန်နိုင်ငံမှ ဖာသာရ် Fernando Prado သည် ရဟန်းမင်းကြီးနှင့် (၂၀၁၈) ခုနှစ်က တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့သည်။ ယခုအခါ ‌ဖာသာရ်သည် စပိန်နိုင်ငံမှ San Sebasian သာ သနာပိုင်ဆရာတော်ဖြစ်နေပြီဖြစ်သည်။ ဖာသာရ်ကရဟန်းမင်းကြီးဖရန်စစ်အား ‘ခေါ်တော်မူခြင်း၏အား’ အကြောင်းမေးမြန်းခဲ့ရာ ရဟန်း မင်းကြီးက သာသနာတော်ကြီးအတွက် အနာဂတ်မျိုးဆက်များမွေးထုတ်ပေးရာတွင် စိန်ခေါ်ချက်များစွာရှိကြောင်း၊ ရဟန်းတစ်ပါးဖြစ်ရန် ဉာဏ်ရည်၊ ၀ိညာဉ်ရေး၊ ဘာသာရေးသာအဓိကမဟုတ်။ လူသားတစ်ဦးအ ဖြစ်ရင့်ကျက်မှုရှိရန်လည်းလိုအပ်သည်။ ဒုတိယမေးခွန်းအနေဖြင့် ‘လွိင်တူစိတ်၀င်စားမှုနှင့်အားသန်ယိမ်းမှု’ နှင့်စပ်လျင်း၍မေးမြန်းရာ၌ ရဟန်းမင်းကြီးက အကယ်၍ လွိင်တူစိတ်၀င်စားသောရဟန်းလောင်းကျောင်းသားအား မသိဘဲရဟန်းသိက္ခာ တင်ပေးလိုက်မိပါက အဆိုပါရဟန်းတော်သည် မိမိ၏ငယ်ဖြူဘ၀ကိုသတိကြီးစွာစောင့်စည်းရန်လိုကြောင်း၊ အကယ်၍မစောင့်စည်းနိုင်ပါက လှေနှံနှစ်ဖက်နင်းနေမည့်အစား ရဟန်းအမှုတော်များအားစွန့်လွှတ်သင့်ကြောင်းဖြေကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းလောင်းကိုရင်များနှင့်တွေ့ဆုံချိန်များ၌ သင်တန်းအားကြီးကြပ်သူများအားတိုက်ရိုက်ရည်ညွှန်းမိန့်ကြားလေ့ရှိသည်။ ယနေ့ခေတ်ကာလ၌ ခေါ်တော်မူခြင်းရှားပါးနေမှုကြောင့် သောင်းပြောင်းရောထွေးလက္ခံခြင်း၊ အားနည်းချက်များအားလစ်လျူရှူ၍ သိက္ခာတင်ပေးခြင်းကိုမပြုရန်မိန့်ကြားခဲ့သည်။ ခေါ်တော်မူခြင်းနည်းပါးသောကြောင့် အခြားသောသာသနာမှသော်လည်းကောင်း၊ သူတော်စင်အသင်းမှသော်လည်းကြောင်း ထုတ်ပစ်လိုက်သောသူတို့ကို အချို့သောသူတော်စင်အသင်းက ကယ်တင်ရှင်အဖြစ်ပြန်လည်လက္ခံပြုပြင်သော်လည်းနောက်ဆုံး၌ပြဿဖန်သည့်အဖြစ်မျိုးသာကြုံခဲ့သည်ဟုမှတ်ချက်ပြုသည်များလည်းရှိသည်။ ထို့ကြောင့်စီစစ်ရွေးချယ်လက္ခံရန်အလွန်အရေးကြီးသည်။ (၂၁) ရာစု၏ခေါ်တော်မှုခြင်းလမ်းစဉ်၌လျှောက်လှမ်းသူနည်းပါးလာသည့်အခက်အခဲနှင့်စပ်လျင်း၍ စိုးရိမ်မလွန်ကဲရန်နှင့်ဘုရားသခင်သည်လည်း သူ၏သာသနာတော်ကြီးအားစောင့်ရှောက်ရန် အမျိုးသား၊ အမျိုးသမီးများအား ခေါ်ဖိတ်လျှက်ရှိကြောင်း၊ ခေါ်တော်မူခြင်းနည်းပါးလာမှုကိစ္စကိုသာအသားပေးမပြောကြဘဲ ခေါ်တော်မှုခြင်းအသက်တာကိုမှန်ကန်စွာစိတ်၀င်စားလျှောက်လှမ်းနိုင်ရန်သာစဉ်းစားလုပ်ဆောင်သင့်ကြောင်း၊ ခေါ်တော်မူခြင်းလမ်းစဉ်၌လျှောက်လှမ်းနေသောသူတော်စင်များအားလုံးညစ်ညမ်းသောဗွီဒီယို ရုပ်ပုံများ၊ သံဃာဗဟိုပြုလွန်းခြင်း (clericalism) ကဲ့သို့သောအနှောက်အယှက်များကိုရှောင်ကွင်း၍လူသားဆန်သောအသက်တာကိုပညာပေးသင့်ရမည်ဖြစ်ကြောင်း၊ ဧ၀ံဂေလိသတင်းကောင်းဟောကြားပြန့်ပွားခြင်းနှင့်လူများအတွက်အချိန်ပို၍ပေးကြရန်၊ လူများချိပ်ဆက်ထိတွေ့ရန်အတွက် လူမှုကွန်ရက်ကိုသာအားကိုးလွန်းခြင်းမျိုးမဖြစ်စေရန်မိန့်ကြားခဲ့သည်။ ယခုဖော်ပြခဲ့သောအတွေးအခေါ်အယူအဆများအားလုံးသည် (၂၀၁၆) ခုနှစ်က ဗာတီကန်ရုံးတော်၏ ရဟန်းတော်များဆိုင်ရုံးတော်မှပုံနှိပ်ထုတ်‌ဝေခဲ့သော ‘The Gift of the Priestly Vocation’ စာအုပ်ထဲ၌ ဖော်ပြထားသည်နှင့်တူညီနေပါသည်။ ထိုစာအုပ်ထဲ၌ဖော်ပြထားသည်မှာ ရဟန်းဘ၀သို့တက်လှမ်းရန်မှာ ကျစ်လစ်ရမည်။ ဘက်စုံလွှမ်းခြုံရမည်။ အစုအဖွဲ့နှင့်ဖြစ်ရမည်။ သာသနာပြုခြင်းကိုပစ်မှတ်ထားပြုပြင်ပုံသွင်းရမည်ဖြစ်ကြောင်းဖော်ပြထားသည်။ အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ် https://bit.ly/434cGcx

Add new comment

7 + 8 =