သာသနာသည်လူတိုင်းကိုနားထောင်၍ အပြစ်ရှိသူဖြစ်စေ၊ အပြစ်မရှိသူဖြစ်စေလက်ခံရမည်

သာသနာသည်လူတိုင်းကိုနားထောင်၍ အပြစ်ရှိသူဖြစ်စေ၊ အပြစ်မရှိသူဖြစ်စေလက်ခံရမည်ဟုရဟန်းမင်း ကြီးလစ္စဘွန်း ၌ညနေပရိတ်မေတ္တာဆုတောင်းခြင်း၌ထောက်ရူခဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အနေဖြင့် သာသနာတော်ကြီးသည် လူတိုင်းအားနားထောင်သင့်သည်။ အပြစ်ရှိသူ၊ မရှိသူများအားပွေ့ဖက်စေလိုသည်။ ဤသို့မိန့်ကြားရခြင်းမှာ ရဟန်းမင်းကြီးအနေဖြင့်သူနှင့်အတူညနေမေတ္တာကိုရွတ်ဆိုပူဇော်နေကြသောဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ဦးပဉ္ဇင်းများ၊ သစ္စာသုံးပါးခံ ၍မိမိတို့ဘ၀ကိုဆက်ကပ်ထားကြသောဘာသာတူများ၊ ရဟန်းလောင်းကိုရင်များ၊ သာသနာ့အမှုထမ်းများနှင့်အတူ ဩဂုတ်လ (၂) ရက်နေ့ညနေ၌ဤသို့ထောက်ရူမိန့်ကြားခဲ့ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးက ပေါ်တူဂီနိုင်ငံ၏ပထ၀ီအလှနှင့်ယဉ်ကျေးမှုကိုချစ်မွမ်းခဲ့သည်။ ပင်လယ်ပြင်၏အလှကိုမူ ယေဇူးသခင်ဂါလီလေယာကမ်းခြေ၌တပည့်တော်ကြီးများအားခေါ်ခဲ့သည့်ဧ၀ံဂေလိကျမ်းချက်ကိုချိပ်ဆက်ထောက်ရူခဲ့သည်။ ယေဇူးသခင်၏ခေါ်တော်မူခြင်းကိုခံရသောအခါ လှေ၊ ပိုက်ကွန်တို့အပေါ်တွယ်ငြိခဲ့သောစွဲလန်းအားကိုးမှုများသည် အချည်း နှီးဖြစ်သည်ဟုခံစားသွားစေခဲ့၍ ယေဇူးသခင်နောက်သာလိုက်ခဲ့သည်။ မမြဲသောအရာများထဲ၌စိတ်ပျက်မသွားရန်နှင့်မျှော်လင့်ချက်များမဲ့မသွားရန်ကိုသတိပေးခဲ့သည်။ ရဟန်းမင်းကြီးကအလွန်ကြီးမားသောစိန်ခေါ်ချက်၊ မတည်ငြိမ်မှု၊ မကောင်းလမ်းပြမှုများကိုလည်းထောက်ပြခဲ့သည်။ စီမွန်နှင့်အခြားသောတံငါသည်များကဲ့သို့ပင်ပန်းနွမ်းလျှလက်ပန်းကျသည့်ခံစားချက်မျိုးလည်းကြုံရမည့်အကြောင်း၊ ကျွန်ုပ်တို့အားနှိမ့်ချခြင်းဖြင့် မိမိတို့ကိုယ်ကိုသန့်စင်ရန်လိုအပ်ကြောင်း၊ ဒုက္ခ၏ သားကောင်များအားကြိုဆိုခြင်း၊ နားထောင်ပေးခြင်းဖြင့်အစပျိုးရမည်ဖြစ်ကြောင်း၊ ကက်သလစ်ခေါင်းဆောင်များနှင့်သာသနာလုပ်ငန်း၌ကူညီလုပ် ဆောင်နေသူများအနေဖြင့်ဘက်လိုက်ခြင်းမပြုလုပ်ရန်၊ ၄င်းတို့အားထိတ်လန့်စေမည့်ဒုက္ခသားကောင်တို့၏နောက်ကြောင်းကိုလည်းပြန်မကြည့်သင့်ကြောင်း၊ စိတ်ပျက်စေမည့်၊ မလှုပ်မရှားနိုင်အောင်ဖြစ်စေမည့်အဟန့်အတားများကိုချန်ထားပြီးရွက်လွှင့်ရမည်ဟုဆိုသည်။ လက်ရှိသည် ကျေးဇူးတော်ကိုအသုံး ပြု၍ဧ၀ံဂေလိပင်လယ်ပြင်ထဲသို့စွန့်စားရွက်လွှင့်ရန်အချိန် ကောင်းဖြစ်သကဲ့သို့ ပိုက်ကွန်ချရန်လည်းအကောင်းဆုံးအချိန်ဖြစ်သည်။ သာသနာပြုဘုန်းတော်ကြီး Antonio Vieira ၏အဆိုဖြစ်သော ‘to be born is to be in Portugal and to die is to die in the wide world out there’ (မွေးဖွားခဲ့သည်မှာပေါ်တူဂီမြေပေါ်၊ သေဆုံးရန်မှာပေါ်တူဂီမြေအပြင်ဖက် တောတွင်းတစ်နေရာရာဖြစ်သည်) ဟူသောအဆိုကိုကိုးကားခဲ့သည်။ ထို့အတူ စိန့် John de Brito အကြောင်းကိုလည်းထည့်သွင်းမိန့်ကြားခဲ့သည်။ ဤရဟန္တာသည် လွန်ခဲ့သောရာစုများစွာကအိန္ဒိယနိုင်ငံသို့ဧ၀ံဂေလိတရားသွားရောက်ဟောကြားရန်ရွက်လွှင့်ထွက်ခွာခဲ့သည်။ သူသည်ဒေသခံများ၏၀တ်စားဆင်ယင်မှုအတိုင်း၀တ်စားခဲ့သည်။ ဒေသခံစကားကိုပြောခဲ့သည်။ သို့မှသာဒေသခံများက၄င်းတို့နှင့်တူသည်ဟုခံစားပြီး ဧ၀ံဂေလိတရားကိုနားထောင်မည်ဖြစ်ကြောင်းယုံကြည်ခဲ့သူဖြစ်သည်။ ဆရာတော်များ၊ ရဟန်းများ၊ သူတော်စင်များသည်လူတို့နှင့်တွေ့ဆုံဆွေးနွေးရန် သို့မှသာဧ၀ံဂေလိတရားသည်ဘ၀မုန်တိုင်းကြား၌နားလည်မည်ဖြစ်သည်။ တမန်တော်ကြီးပေတရု ၏ဩ၀ါဒစာမှကျမ်းချက်တစ်ချက်ဖြစ်သည့် ‘ကျွန်ုပ်တို့သည်အသက်ရှင်သောကျောက်များဖြစ်ကြ၏’ ကိုကိုးကား၍ပေါ်တူဂီနိုင်ငံမှဘာသာတူတို့သည်ကြွေပြားများကိုအလှဆင်ကြသကဲ့သို့ ဧ၀ံဂေလိတရားကိုလည်းတောက်ပရောင်စုံကြွအောင်ပြုလုပ်ရန်၊ ကမ္ဘာပင်လယ်ပြင်ထဲသို့ရွက်လွှင့်၍ တံငါသည်များလည်းဖြစ်ကြရန်တိုက်တွန်းခဲ့သည်။ ပေါ်တူဂီနိုင်ငံသည် ပင်လယ်ပြင်ကိုကူးဖြတ်သူများ၊ သင်္ဘောပျက်၍သောင်တင်နေသူများ၊ ဘ၀မုန်တိုင်းကြုံနေရသူများအတွက်ခိုလှုံရာလောကကောင်းကင်ဖြစ်ရန်မျှော်လင့်ကြောင်းမိန့်ကြားရင်းထောက်ရူချက်ကိုအဆုံးသတ်ခဲ့သည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် http://bitly.ws/Q6IA

Add new comment

1 + 0 =