အမိအသင်းတော်ကြီး မှာ လူတိုင်း - လူတိုင်း လူတိုင်းအတွက် နေရာတွေ ရှိနေပါတယ်

အမိအသင်းတော်ကြီး မှာ လူတိုင်း - လူတိုင်း လူတိုင်းအတွက် နေရာတွေ ရှိနေပါတယ် ကြာသပတေးနေ့ ညနေက လစ်စ္စဘွန်း မြို့ Edward v၊၊ ပန်းခြံတွင် ပါပါး ဖရန်စစ် ကို ကြိုဆိုရန် စုရုံးရောက်ရှိနေ ကြသည့် သန်းတဝက်မျှ ရှိသော လူငယ်များအား ဤစကားလုံးကို အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ရွတ်ဆို ရန် ပါပါးဖရန်စစ်က ခွန်အားပေးတိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာအနှံ့မှ မိမိတို့၏ ဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးများ သင်ကြားပညာပေးသူများနှင့် အတူတကွ ပေါ်တူဂီနိုင်ငံသို့ ခရီးသွားရောက်ရှိလာကြသည့် လူငယ်မောင်မယ် များစွာတို့၏ စိတ်အားတက်ကြွမှုများ ကူးစက်ခံစားရပြီး ပါပါးဖရန်စစ်သည်လည်း ရွှင်လန်းတက်ကြွ အားအင် ပြည့်ဝလျက် ရှိနေခဲ့သည်။ ပါပါး ကရုတ်တရက် “ everyone၊ လူတိုင်း လူတိုင်း ,၊ para todos “ ဟုရွတ်ဆို ခဲ့သည်။ ပါပါး ၏ သတင်းစကားမှာမူ သူ၏ ရဟန်းမင်းကြီးဘဝ အစအဦးပိုင်း ပထမ ၁၀ နှစ်ကို လှပသေသပ်စွာ စံနမူနာထားပြောကြားခဲ့သည် ။ ထိုအချိန်ကာလများတွင် ပါပါးသည် ဘုရား ရှင်၏ သနားခြင်းအောင်လံ အောက်တွင် ရဟန်းမင်းကြီးဘဝ ကို အစပြုခဲ့ ခြင်းပင် ဖြစ်သည်ဟုဆိုသည်။ “ အမိ အသင်းတော်ကြီးတွင် လူတိုင်းလူတိုင်း အတွက် နေရာများစွာရှိသည် ဆိုသည်မှာ မည်သည့် အဓိပ္ပါယ်ကို ထပ်လောင်းဖွင်ဟ ပြောဆိုလိုပါသနည်း ။” ပါပါးက ရှင်းလင်းပြသည်မှာ - အသုံးမဝင်သည့်လူဟူ၍ တဦးတယောက်မျှ မရှိပါ၊ မလိုလားအပ်သောလူ ဟူ၍ မရှိ ၊ လူတိုင်းအတွက်နေရာ ရှိကြောင်း ၊ အိုအဖ ကျွန်ုပ်သည် အပြစ်သားဖြစ်ပါ၏ ဆိုးယုတ်သောသူ ဖြစ်ပါ၏ ကျွန်ုပ်အတွက် ရော နေရာရှိပါသလား ။ အဖြေကား လူတိုင်းလူတိုင်းအတွက် နေရာရှိနေပါတယ် ဟုပင် ဖြစ်သည် အကြောင်းမှာ ဘုရားရှင်သည် ကျွန်ုပ် တို့ကို ချစ်တော်မူပြီး ၊ လူ့အသိုင်းဝိုင်းက ကျွန်ုပ်တို့အပေါ် မျှော်လင့်သကဲ့သို့ မဟုတ် ၊ ကျွန်ုပ်တို့ကိုယ်တိုင် မိမိကိုယ်ကိုယ် ဖြစ်စေချင် သကဲ့ သို့ မဟုတ် ကျွန်ုပ်တို့၏ လက်ရှိအဖြစ်အခြေနေ အတိုင်းကိုပင် ဘုရားရှင် ချစ် မြတ်နိုးတော် မူသောကြောင့်ပင် ဖြစ်သည် ။ သူသည် ကျွန်ုပ်တို့၏ အပြစ်အနာအဆာ၊ အကန့်အသတ်အခြေနေ၊ ဘဝ၌ တိုးတက်လိုသည့် လိုအင်ဆန္ဒ များနှင့်အတူ ကျွန်ုပ်တို့ကို ချစ်မြတ်နိုးသည်။ ဘုရားရှင်က ကျွန်ုပ်တို့ကို “ ယုံကြည်ခြင်းရှိပါ ဘုရားရှင်သည် အဖ ဖြစ်ပါ၏ ၊ ကျွန်ုပ်တို့၏အဖသည် ကျွန်ုပ်တို့ကို အလွန်ချစ်မြတ်နိုး ပါသည် ဟု “ ဖိတ်ခေါ်လျှက် ရှိနေပါသည်။ မိမိတို့၏ ထင်မြင်ယူဆ အကြံပေးချက်များကို မည်သူကမျှ လက်ခံနားထောင်မ​ပေးသည့် အခိုက်အတန့်များ၊ မိမိသည် ဘာမျှမဟုတ်ကြောင်းခံစားမိသည့် အချိန်များ တွင် မူကား ပါပါး ၏သတိပေးအမှတ်ရစေသည့် အရာထက် ပို၍ဆွဲဆောင်နိုင်ပြီး ခွန်အားပေးနိုင်သည့် သတင်းစကားမရှိနိုင်ချေ။ ပါပါး၏ သတင်းစကားမှာ “ ဘုရားရှင်က ကျွန်ုပ်တို့ကို မိမိ၏ အဖြစ် အခြေအတိုင်း၌ ပင် ချစ်မြတ်နိုးပြီး အစဉ် ခွင့်လွှတ်တော် မူသည်၊ကိုယ်တော်ရှင်၏ သနားကြင်နာမှု့သည် ကျယ်ပြန့်စွာ လက်ဖြန့် ဖွင့်လှစ်လျှက် ကျွန်ုပ်တို့ကိုကြိုဆို လျက် ရှိနေသည်။” ဟူ၍ပင်ဖြစ်သည်။ ဤသတိပြုဆင်ခြင် ခြင်းသည် လူသားတို့၏ခံစားနိုင်မှု အတိုင်းအတာကို ကျော်လွန်သည့် မြင့်မြတ်သည့် အဖြစ်အခြေနေပင် ဖြစ်ပြီး ဂျေရီခိုမြို့မှ မြို့လူထု၏မကြိုက်နှစ်သက်ခြင်း ကိုခံရသည့် အပြစ်သား ဇာခေဦး အဖြစ်ဇာတ်လမ်း ၌ ကျွန်ုပ်တို့ ခံစားသိရှိနိုင်ပေသည်။ အခြားသောသူတို့၏ယူဆချက်များ ၊ ပရောဖက် နာဇရေနူးကို စပ်စု သိရှိလိုမှု များတို့သည် မည်သို့ပင် ရှိစေကာမူ ဇာခေဦး သည် ကြွလာတော်မူသည့် ကိုယ်တော်ရှင်ကို မြင်ရစေရန်အလို့ငှါ ရေသဖန်း ပင်ပေါ်ရှိ သစ်ရွက်များကြား ဖုံးကွယ်လျက် စောင့်မျှော် နေခဲ့သည်။ ဘေးပါတ်ဝန်းကျင်မှ ကြည့်ရှု နေကြသူများ၏ အပြစ်တင် ဝေဖန်ကြသည့် မှတ်ချက်ပြုမှုများသည် မည်သို့ပင် ဖြစ်စေကာမူ ယေဇူးရှင်သည် သာလျှင် သူ့ကို အရင်မြင်ခဲ့ပြီး ဦးစွာချစ်ခဲ့သူပင်ဖြစ်ကာ ဇာခေဦး၏ အိမ်သို့ သူကိုယ်တိုင် လိုက်နိုင်ဖို့ ဖိတ်ခေါ်စေခဲ့သည်။ ခရစ်တော်ရှင်၏ သနားကြင်နာ ထွေးပွေ့မှု ကို ခံယူ ရရှိရန် မည်သည့် ကြိုတင်လိုအပ်ချက် မှ မရှိချေ။ ကိုယ်တော့်နောက်သို့ လိုက်ရန် ညွှန်ကြားချက်များမရှိ၊ တက်ရောက်ရမည့် အကြို ပြင်ဆင်မှုသင်တန်းလည်း မရှိသလို ၊ သင်ယူရမည့် နည်းဗျူဟာများလည်း မရှိပေ။ ကိုယ်တော်ရှင်ဖြတ်သန်းသွားသည့် အချိန်အခိုက်တန့်၌ တည်ရှိနေရုံဖြင့်သာ လုံလောက် ပါသည် ၊ ချစ်မေတ္တာကြင်နာမှု နှင့် ပြည့်နေသည့် ကိုယ်တော်ရှင်၏ စောင်မျှော်နေမှုကို အပ်နှံရန်ပင် လိုပါသည်။ ကျွန်ုပ်တို့၏ အတားအဆီးများကို ဖယ်ရှားလျက် ကိုယ်တော်ရှင်ကို ထွေးပွေ့ခွင့်ပြုလိုက်ပါ ၊ ကျွန်ုပ်တို့လျှောက်လှမ်းနေသည့် နေ့စဉ်ဘဝ၌ ကိုယ်တော်ရှင် ချပေးသည့် လမ်းအတိုင်း သတိမူ ကာ သက်သေခံလျှောက်လှမ်းကြပါစို့။ လူတိုင်းအတွက် အမိအသင်းတော်ကြီးတွင် နေရာရှိနေပါသည်၊ နာဇရက်မြို့သားယေဇူး နှင့်အတူ မိမိ၏အိမ်၌ တစ်စားပွဲထဲ အတူထိုင်လျက် အိမ်ရှင် ဖြစ်ပိုင်ခွင့် ကိုအထူးတလည် ခံစားခွင့်ရရှိခဲ့သည့် ဇာခေဦး ကဲ့သို့ပင်တည်း။ ဇာခေဦးသည် မျှော်လင့်မထားခဲ့သည့် အံ့ဩဖွယ် လက်ဆောင်မွန်ကို ကျေးဇူးတော်သက်သက် အားဖြင့်သာလျှင် ရရှိခံစားခဲ့ရခြင်းပင် မဟုတ်ပါလား။ ယေးဇူးရှင်၏ အကြည့် , သူ၏ဖိတ်ခေါ်ချက်သည် ဇာခေဦး၏ ဘဝကို ပြောင်းပြန်ဖြစ်သွားအောင်ပင် စွမ်းဆောင်နိုင်ခဲ့သည်၊ အကြောင်းမှာ ဇာခေဦးသည် ဤကဲ့သို့ အရင်က တခါမျှ အချစ်မခံခဲ့ရဖူးသည့်အပြင် အပြစ်၏နက်ရှိုင်းမှုကိုလည်း သူနားလည်နိုင်ခဲ့ပြီး သူ့၏ အကျင့်ပျက်ချစားသည့် ဘဝဖြစ်တည် မှုကို နားလည်သွားခဲ့သောကြောင့်ပင်ဖြစ်သည်သို့သော် ငြားလည်း ဇာခေဦး၏ ပြောင်းလဲခြင်းသည် ချစ်ခြင်းနှင့် ခွင့်လွှတ်ခြင်း ကိုသူခံယူ ရထိုက်ဖို့အတွက် ကျိုတင်ရှိထားရမည့် လိုအပ်ချက် လည်း မဟုတ်ပေ။ ပြောင်းလဲစေနိုင်သောစွမ်းအားသည် မတူကွဲပြားသည်၊ကြီးမြတ်သော သနားဂရုဏာ ကို တွေ့ကြုံ ခံစားမိသွားခြင်းသည်သာလျှင် သူ့ကို သူ၏အပြစ်နှင့် အကျင့်ပျက်ချစားမှုကို သတိမူစေသောအရာပင်ဖြစ်သည်။ သူ၏ သနားစဖွယ် အပြစ်သားဘဝ အခြေအနေ ကိုလည်း သတိပြုမိစေသည်။ ပါပါးဖရန်စစ် ထပ်လောင်းပြောဆိုခဲ့သည်မှာ “ လူငယ်များအကြားတွင် သူတို့၏ စိတ်ခွန် အားတက်ကြွမှု ကြောင့် အားသစ်လောင်း ပေးနိုင်သော ဖိတ်ခေါ်ခံရခြင်းသည် ယနေ့ခေတ်ကာလတွင် သာသနာတော်ပြုခြင်း၏ သော့ချက်ပင်ဖြစ်သည် ဟူ၍ဖြစ်သည်” အ ကယ်၍ ကျွန်ုပ်တို့၏ အဖြစ်အခြေနေအတိုင်း ထွေးပွေ့မည့်သူမရှိလျှင် ကျွန်ုပ်တို့ကို ချစ်မည့်သူ လိုအပ်သူ ,ခွင့်လွှတ်ပေးမည့်သူ နှင့် အထူးတခြားဖြစ်စေသူဟု ခံစားလက်ခံပေး မည့် တစုံတယောက် မရှိပါက အခြားမည်သည့်အရာကိုများ ကျွန်ုပ်တို့ လိုအပ်ဦးမည်နည်း။ သင်သည် မည်သည့် အခြေနေတွင်ရှိနေစေကာမူ သင့်အတွက် နေရာ တခုအသေအချာ ရှိနေသေးသည်ဟု စိတ်ချယုံကြည်မှုမရှိလျှင် အခြားမည်သည့်အရာများကို သင်လိုအပ်ပါသနည်းဟုပါပါးဆိုသည်။ အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း http://bitly.ws/RsRx

Add new comment

1 + 0 =