‘အလွန်သိမ်မွေ့သောနတ်ဆိုးများ’ ကိုသတိထားပါ

‘အလွန်သိမ်မွေ့သောနတ်ဆိုးများ’ ကိုသတိထားပါ ရဟန်းမင်းကြီးဖရန်စစ်သည် ရောမသာသနာအတွင်းအမှုထမ်းနေကြသော ရဟန်းတော်များထံသို့ စာမျက်နှာ (၃) မျက်နှာခန့်ရှိစာတစ်စောင်ရေးသားပေးပို့ခဲ့သည်။ အဆိုပါစာထဲ၌ ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ၄င်းတို့၏ဘ၀ခါးသက်ခြင်း၊ ချိုမြိန်ခြင်း၊ အတက်အကျ၊ ပျော်ရွှင်ခြင်း၊ နာကြင်ခံစားရချိန်များ၌အ တူတကွမျှ‌ေ၀ခံစားရင်းလျှောက်လှမ်းလိုကြောင်းမိန့်ကြားထားသည်။ စာ၏အဓိကပါးလိုသောသတင်းစ ကားမှာအထက်စီးမှငါသိ၊ ငါတတ် ဆရာကြီးစိတ်၀င်နေခြင်းနှင့်လောကဆန်နေသည်ကိုထောက်ပြသူများရှိက ဘုန်းကြီးဖြစ်နေ၍မပြောရ၊ မဆိုရသည့် အရာရာကိုရဟန်းဖြစ်နေ၍ဟူသောအကာအကွယ်ကိုရယူကျူးလွန်နေခြင်းကိုကောင်းစွာသတိပေးထားသည်။ ရဟန်းတို့၏စိတ်နေသဘောထားကား အထက်စီးမှနေရန်လုံး၀မဟုတ်။ ဘုရားသခင်၏ လူမျိုးတော်ကိုအစေခံရသည့်သူများဖြစ်သည်။ လက်ညိုးများထိုး၍စေခိုင်းသောဆရာကြီးများလုံး၀မဟုတ်ပါ။ ရဟန်းမင်းကြီးသည် ဆက်လက်၍ ‘သိမ်မွေ့နူးညံ့သော’ အသွင်ဆောင်၍ ၄င်းတို့ထံချဉ်းကပ်လာနိုင်သော ‘နတ်ဆိုး’ ၏နှောက်ယှက်ခြင်းကိုလည်းသတိဖြင့်ရှောင်ကွင်းနိုင်ရန်သတိပေးထားသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ဤသို့ဆင်တူသောသတင်းစကားကို ပြီးခဲ့သော (၂၀၂၂) ၌ ‘ Roman Curia’ အားလည်းမိန့်ကြားခဲ့ဖူးပါသည်။ ထိုသတင်းစကားကား ‘နတ်ဆိုသည် ကျွန်ုပ်တို့ထံမှအ‌ေ၀းဆုံးသို့မောင်းနှင်ထုတ်ထားပြီးဟုတွေးတောခြင်းသည် လွန်စွာမှားယွင်းသောအတွေးဖြစ်သည်။ ဤ သို့တွေးခေါ်ခြင်းသည် ဉာဏ်အမြှော်အမြင်မရှိခြင်းကိုပြသည်။ အမှန်ဆိုသော် နတ်ဆိုသည်အခြားသောအ သွင်အပြင်ကိုဆောင်၍ကျွန်ုပ်တို့ထံသို့ချက်ချင်းပြန်ချဉ်းကပ်လာသည်။ ယခုတစ်ကြိမ်၌ယခင်တစ်ကြိမ်ကကဲ့သို့ကြမ်းကြမ်းတမ်းတမ်းမပြုတော့။ သူမဟုတ်သကဲ့သို့ သိမ်မွေ့စွာ၊ ရည်မွန်စွာပြုမူလာသည်။ ထိုလှည့် စားမှုကိုသတိကြီးစွာထားပြီး ဖော်ထုတ်ပေးရမည်။ နင်ထုတ်ခံရသောနတ်ဆိုးသည် ပြန်မလာဘဲမနေ။ မဖြစ်ဖြစ်အောင်ကိုပြန်လာလေ့ရှိသည်။ ကျွန်ုပ်တို့ကြောက်ရန်မလို။ သတ္တိမွေးရန်သာလိုသည်။ သတိထားရန်လိုသည်။ ရဟန်းမင်းကြီးဖရန်စစ်က စိန့်ပီတာနှင့်စိန့်ပေါလ်ကဲ့သို့ နှိမ့်ချခြင်း၏စံအဖြစ်ဘုန်းတော်ကြီး တိုင်းကနှိမ့်ချခြင်းပါရမီကိုကျင့်ဆောက်တည်ရန်လိုသည်။ ရဟန်းမင်းကြီးသည် သူ၏စာကိုအဆုံးသတ်လိုက်ပြီး သာသနာအတွင်း၌ သာသနာပြုနေကြသောရဟန်းတော်များအားကျေးဇူးအထူးတင်ကြောင်းနှင့်သူ့အတွက်လည်းဆုတောင်းမေတ္တာပို့သပေးရန်တောင်းခံခဲ့သည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် http://bitly.ws/RprW

Add new comment

14 + 2 =