ခရစ်ယာန်များကိုနှိပ်စက်ညှင်းပန်းမှုများအား ရပ်တန့်ရန် ပုပ်ဖရန်စစ် ပန်ကြား

ခရစ်ယာန်များကိုနှိပ်စက်ညှင်းပန်းမှုများအား ရပ်တန့်ရန် ပုပ်ဖရန်စစ် ပန်ကြား

တနင်္လာနေ့က ဗာတီကန်၌ပြုလုပ်သော လူထုတွေ့ဆုံပွဲ၌ ပုပ်ရဟန်းမင်းကြီးသည် ခရစ်ယာန်များအား အမုန်းတရားဖြင့် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် ပန်ကြားတော်မူခဲ့သည်။

"လွန်ခဲ့သောလအနည်းငယ်မှ ခရစ်ယာန်မုန်းတီးရေးတိုက်ခိုက်မှုများကို စိတ်မကောင်းဖွယ်ကြားသိရကြောင်း၊ထိုအမုန်းတရားများကို မောင်နှမစိတ်ဓာတ်အခြေခံသောပညာပေးအစီအစဥ်များနှင့်ဘာသာတရားနှီးနှောဖလှယ်ခြင်းဖြင့် အစားထိုးရန် လိုအပ်နေကြောင်း" အရှေ့အလယ်ပိုင်းဒေသရှိပဋိပက္ခများအား ကိုးကား၍ သုံးသပ်တော်မူသည်။

ထို့အပြင် အရှင်သူမြတ်သည် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း မြင့်တက်လာသော ခရစ်ယာန်မုန်းတီးမှုနှင့်ဆက်နွယ်သည့် အကြမ်းဖက်မှုများကို စိုးရိမ်မိကြောင်းနှင့် "ခရစ်ယာန်သာသနာစတင်ထွန်းကားရာနိုင်ငံများ၌ပင် ဖြစ်ပွားနေသော အဆိုပါ ခွဲခြားဆက်ဆံမှုများအကြောင်း"မီးမောင်းထိုးပြခဲ့သည်။

ကမ္ဘာတစ်ဝှမ်းတွင် ခရစ်ယာန် သန်းပေါင်း ၃၆၀ ထက်မနည်းသည် သူတို့၏ယုံကြည်ခြင်းကြောင့် ဆိုးရွားသော ညှင်းပန်းနှိပ်စက်ခြင်းနှင့်ခွဲခြားဆက်ခံခြင်းကိုခံနေရပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသော ခရစ်ယာန်များမှာလည်း တစ်နေ့တစ်ခြား တိုးပွားနေသည်။

"ငြိမ်းချမ်းရေးလမ်းစဥ်ဟူသည်မှာ ဘာသာတရားတိုင်း၏လွတ်လပ်ခွင့်နှင့် လူနည်းစုများအား လေးစားခြင်းတို့ပါဝင်ကြောင်းပုပ်ဖရန်စစ်က ထပ်လောင်းမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်- Agnes Lawh Lun

https://bitly.ws/39pGe

 

Add new comment

2 + 3 =