ပုပ်ဖရန်စစ်က ဗုဒ္ဓဟူးနေ့ လူထုပရိသတ်နဲ့ တွေ့ ဆုံစဉ် ဆီးရီးယားနိုင်ငံအတွက် ဆုတောင်းပေးခြင်း

Pope Paul VI ခန်းမဆောင်နဲ့ စိန်ပီတာရင်ပြင်တော်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ လူထုပရိတ်သတ်နဲ့ ပုံမှန်တွေ့ ဆုံပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ဆီးရီးယား ပါလက်စတိုင်း အစ္စရေး (Holy Land) နဲ့  အရှေ့ အလယ်ပိုင်း မြေထဲပင်လယ်နိုင်ငံတွေက ဘုရားဖူးခရီးသည်တွေကို နုတ်ခွန်းဆက်သပြီး ဆီးရီးယန်းတွေကို အာဇာနည်သူရဲကောင်းလူမျိုးများလို့ တင်စားခေါ်ဝေါ်လိုက်ပါတယ်။ ကမ္ဘာ့ကုလ သမ္မဂ္ဂ လုံခြုံရေးကောင်စီက တိုက်ခိုက်မှုဒဏ် အပြင်းအထန်ထိရောက်တဲ့ နယ်မြေတွေကို လူမှုရေးဆိုင်ရာ အကူအညီတွေ လက်ခံနိုင်ဘို့  အပစ်အခတ်ရပ်စဲရေး အတွက် ကြိုးပမ်းနေပေမယ့်လည်း ဆက်လက်ပစ်ခတ်နေကြဆဲ ဖြစ်ပြီး ကျွန်ုပ်တို့ ရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ညှဉ်းဆဲ ခံရတဲ့ ခရစ်ယာန်တွေအတွက် ဆုတောင်းပေးကြဘို့ တိုက်တွန်းခဲ့ပါတယ်။

အရှင်သူမြတ် မြွက်ကြားခဲ့တာက ၀ါတွင်းကလ ခရီးစဉ်ဟာ စစ်မှန်တဲ့ ယုံကြည်ခြင်း ပြန်လည်နိုးထ လာဘို့ ဝိညာဉ်ရေးရာ အားသစ်လောင်းခြင်း နဲ့  ပြောင်းလဲဘို့ စိတ်လုံ့ လ ပြင်းပြဘို့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်လို့ မှတ်ချက်ချပြီး မေတ္တာတရားဟာ ဘ၀နေထိုင်မှု ပုံစံတစ်ခုဖြစ်ပြီး ယုံကြည်သူတွေကို ထူးခြားပေါ်လွင်စေတဲ့ အရာလည်း ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ မစ္ဆားတရားတော်မြတ်အကြောင်းကို အရှင်သူမြတ်က သူ့ ရဲ့ ဘုရားစကား သင်ကြားခြင်းမှာ အဓိက အချက်အနေနဲ့ ထားခဲ့ပြီး မုန့် နဲ့ စပျစ်ရည် ပူဇော်သက္ကာပြင်ဆင်ခြင်း ၀ိနည်းဟာ ကျွန်ုပ်တို့ ကိုယ်တိုင်ရဲ့ အတွေးကို ၀ိညာဉ်ရေးပူဇော်မှု ၁ ခုအဖြစ်  ဖိတ်ခေါ်နေပါတယ် ။ ကျွန်ုပ်တို့ ရဲ့ ဘ၀ခေါ်တော်မူခြင်းကို ပိုမိုပြည့်ဝစွာ နေထိုင်နိုင်ဘို့ သန့် ရှင်းစင်ကြယ်ခြင်းတိုးပွားဘို့ ဘုရားရဲ့ နိုင်ငံတော်ကို ပိုမိုအစေခံနိုင်ဘို့ အတွက် ဘုရားရှင်ထံက ကျေးဇူးတော်တွေ ခံစားရ နိုင်ဘို့  မစ္ဆားတရားတိုင်းမှာ ဒီယဇ်ပူဇော်ခြင်းကို ဘုရားရှင်ထံမှာ အပြည့်အ၀ ဆက်ကပ်နိုင်ဘို့ အတွက် ဖိတ်ခေါ်ခံရခြင်း ကျေးဇူးတော် ၁ ခု အဖြစ် ပါဝင် ခံစားကြပါလို့ အရှင်သူမြတ်ပုပ်ဖရန်စစ် က ဗုဒ္ဓဟူးနေ့ လူထုပရိတ်သတ်နဲ့ တွေ့ ဆုံစဉ်မှာ မြွက်ကြားခဲ့တာကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

RVA-Myanmar/ Vatican News

Sr.Perpetua Nyein Nyein Loo, SJA (Cyprus)