Vatican Hackathon လို့ အမည်ရသော သင်တန်း ပထမအကြိမ် ဗာတီကန်တွင်ပြုလုပ်

 Vatican Hackathon or VHacks  ဗာတီကန် ဟက္ကာသွန် ဒါမှ မဟုတ် ဗီဟက် လို့ အမည်ရတဲ့ သင်တန်း တစ်ခု  ကို နိုင်ငံပေါင်း ၃၀ မှ ကျောင်းသူ၊ကျောင်းသား လူငယ်များ ၁၂၀ နဲ့ ပထမဆုံးအကြိမ် အဖြစ် မတ်လ ၈ ရက်မှ ၁၁ အထိ ဗာတီကန်မှာ ကျင်းပခဲ့ပါတယ်။

Hackathon ဆိုတဲ့ စာလုံးဟာ  Hack ဆိုတဲ့ စာလုံးနဲ့  Marathon ဆိုတဲ့ စာလုံးကို ပေါင်းယူထားတဲ့ အခေါ်လေးဖြစ်ပေမယ့် အခု ခေတ်ရေပန်းစားနေတဲ့ အွန်လိုင်း  ဟက်ကင်း ၊ အွန်လိုင်း လုံခြုံရေးကို ဖောက်ဖျက်ကာ အချက်အလက်များ ရယူတဲ့ စာလုံးနဲ့ တော့ လုံးဝ မဆိုင်ပါဘူး။

ဒီသင်တန်းမှာ တော့ လူငယ်ကျောင်းသူ၊ကျောင်းသားများဟာ  မိမိတို့ တတ်ကျွမ်းရာ စီပွားရေးနှင့်ဆိုင်သော အရည်အချင်းများ၊ ဒီဇိုင်းပညာများ၊ အင်ဂျင်နီယာ နဲ့  စက်မှုပညာ တို့ ကို အသုံးပြုပြီး နိုင်ငံရပ်ခြားခိုလှုံရာရှာ ဒုက္ခသည်များ အရေးနှင့် ဘာသာတရားအချင်းချင်း နှီးနှောဖလှယ်ခြင်း၊ အခြားသော လူမှုအဖွဲ့  အစည်းများမှ လိုအပ်ချက်များ အထူးသဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ၏ နှလုံးသားကို ထိတွေ့ စေသော အကြောင်းကိစ္စရပ်များကို အများကောင်းကျိုးအတွက် ရည်ရွယ်ဆက်ကပ်နိုင်ကြစေရန် အတွက် ရည်ရွယ်ပြုလုပ်ခဲ့သော သင်တန်း တစ်ခုဖြစ်ပါတယ်။

Vatican Hackathon လို့ အမည်ရသော ၂ရက်တာ သင်တန်းကို  ပထမဆုံး အကြိမ် အနေနဲ့  အရှင်သူမြတ် ပုပ်ဖရန်စစ်ရဲ့ အတည်ပြုချက်နဲ့ ဗာတီကန်မှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ကြောင်း ဗာတီကန်သတင်းအရ သိရှိရပါတယ်။