အမိမယ်တော်မာရိယားဟာ လူငယ်တွေနဲ့ အတူ ယုံကြည်ခြင်း ဘုရားဖူးးခရီးစဉ်မှာ အတူလျှောက်လှမ်း နေပါတယ် လို့ ပုပ်ဖရန်စစ် မြွက်ကြား

အန်ဂျေလူး မေတ္တာ ရွတ်ဆိုချိန်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က မေတ္တာပန်း တနင်္ဂနွေ၊ ခရစ်တော်၏ ဂျေရုဇလင်မြို့ သို့ ကြွချီခြင်းနေ့ မှာ ထိုနေ့ ဟာ သာသနာလုံး ဆိုင်ရာ လူငယ်များ နေ့ ဖြစ်ပြီး ဒါဟာ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ၊ ပနာမား နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့လူငယ်များ နေ့  နုဲု့ အောက်တိုဘာလ မှာ ကျင်းပမယ့် လူငယ်များနဲ့ ဆိုင်ရာ  ဆရာတော်ကြီးများ စည်းဝေးပွဲကြီး အတွက် ရှေ့ သို့ ချီတဲ့ ခြေလှမ်းများဖြစ် ကြောင်း ဆိုကာ အမိမယ်တော်ဟာ ဒီခရီးလမ်းမှာ ကျွန်ုပ်တို့ နဲ့ အတူ ပါရှိနေပါတယ်လို့ အရှင်သူမြတ်က ဆိုပါတယ်။

ဘုရားရှင်က သူ့ ရဲ့ သားတော်ရဲ့ မိခင်အဖြစ် ရွေးကောက်လိုက်တဲ့ နာဇရက်မြို့ က မေရီလို့ ခေါ်တဲ့ မိန်းမငယ် လေးရဲ့ အကျင့်ပုံစံ က ဒီခရီးစဉ်ကို ပံ့ပိုးပေးနေပါတယ်။ သူမထံကနေ အတွင်းစိတ်ရဲ့ ဆိတ်ငြိမ်ခြင်း နှလုံးသားရဲ့ တည်ငြိမ် ၀မ်းမြောက်ခြင်း ကားတိုင်ထက်က ခရစ်တော် နောက်ကို မြတ်နိုး ယုံကြည်စိတ်နဲ့ လိုက်နိုင်ဘို့ အမိမယ်တော်က ဒီသန့် ရှင်းစင်ကြယ်တဲ့ ရက်သတ္တပတ်ကို ကောင်းကောင်းကြီး ဖြတ်သန်း နိုင်ဘို့ ကူညီပေးပါစေ။  ဒီအရာတွေဟာ ရှင်ပြန်ထမြောက်ခြင်းရဲ့ ရွှင်လန်း ခြင်း အလင်းကို ဦးတည်လမ်းပြပေးနေပါတယ်လို့  ဆိုပါတယ်။

မေတ္တာပန်း တနင်္ဂနွေနေ့  စိန်ပီတာရင်ပြင်တော်မှာ မစ္ဆားတရား ပါဝင်တက်ရောက်ကြတဲ့ ကမ္ဘာတ၀ှမ်းက ဘုရားဖူးများနဲ့ အီတလီ မှ ဘုရားဖူးအားလုံးကို အရှင်သူမြတ်က နုတ်ဆက်စကား မြွက်ကြားရင်း မကြာသေးမှီက ပီရူးနိုင်ငံခရီးစဉ်ကို အောက်မေ့ သတိယကြောင်း ကျေးဇူးတင်ကြောင်းဖြင့် ပီရူး မှ ဘုရားဖူးများကို လည်း အရှင်သူမြတ်က အထူးတလည် နုတ်ဆက်စကား မြွက်ကြား ခဲ့ပါတယ် ဆိုတာကို ဗာတီကန် သတင်းအရ သိရှိရပါတယ်။

 

RVA-Myanmar/Vatican News

Sr.Perpetua Nyein Nyein Loo, SJA (Cyprus)