ဆီးရီးယားငြိမ်းချမ်းရေးအတွက် ပုပ်ဖရန်စစ် ထပ်မံပြောကြားခြင်း

တနင်္ဂနွေနေ့ က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ကမ္ဘာတ၀ှမ်းမှ ရောက်ရှိလာကြသော ဘုရာဖူး ဧည့်သည်တော်များအား နှင့် အတူ အန်ဂျေလူး မေတ္တာရွတ်ဆိုခြင်း အစီအစဉ်နှင့် ကောင်းကြီး ပေးခြင်း ကို ပြုခဲ့ကာ ၄င်းရဲ့ ထုံးစံအတိုင်း နိုင်ငံအလိုက် အသိအမှတ်ပြု နုတ်ဆက်အပြီး မှာတော့ ဆီရီးယား ငြိမ်းချမ်းရေး အတွက်ကို အခုလို ထပ်မံ ပြောကြားလိုက်ပါတယ်။

နည်းလမ်းအထောက်အကူတွေ ရှိပါလျက်နဲ့  ကမ္ဘာ့နေရာ အသီးသီးနဲ့  ဆီးရီးယား ငြိမ်းချမ်းရေး ရရှိမှုဟာ ခက်ခဲကြမ်းတမ်း လျက်ရှိနေတဲ့ ကမ္ဘာ့မျက်မှောက်ရေးရာကြောင့် ကျွန်ုပ်ဟာ နင့်နင့်နဲနဲ စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ကျွန်ုပ်ဟာ ငြိမ်းချမ်းရေးအတွက် မပြတ်မလပ် ဆုတောင်း နေချိန်မှာ စိတ်ကောင်းနှလုံးကောင်းရှိသူတွေကို ကျွန်ုပ်နည်းတူပဲ ဆုတောင်းပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးတာဝန် ၀တ္တရားရှိသူတွေ ကိုလည်း တရားမျှတခြင်းနဲ့  ငြိမ်းချမ်းခြင်း ဟာ လွှမ်းမိုးထွန်းကား စေဘို့ အတွက် ထပ်လောင်းပြီး အသနားခံခြင်ပါတယ်လို့ ဆိုပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် တို့ ရဲ့ ဆီးရီးယား အစိုးရဟာ ဓာတုလက်နှက်နဲ့  ဆက်လက်ဖြစ်ပွားနေတယ် ဆိုတဲ့ တုန့် ပြန် စွပ်စွဲ ကာ လက်နှက်နဲ့ ကျည် စတင်ပစ်လွှတ်ပြီး နောက်တရက်မှာပဲ အရှင်သူမြတ်ပုပ်ဖရန်စစ်က မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်စလုံးဟာ လက်နက်အင်အား သုံးအကြမ်းဖက်တိုက်ခိုက်နေကြတာပါ။

RVA-Myanmar/Vatican News

Sr.Perpetua Nyein Nyein Loo, SJA (Cyprus)