Fr. Bernard Dashi Tang Ji ၏ ရဟန်းဝါတော် ၂၅ နှစ်ပြည့် ဂျူဗလီ ကျေးဇူး တင်မစ္ဆားတရား ကျင်းပခြင်း

Fr. Bernard Dashi Tang Ji ၏ ရဟန်းဝါတော် ၂၅ နှစ်ပြည့် ဂျူဗလီ ကျေးဇူး တင်မစ္ဆားတရား ကျင်းပခြင်း

Fr. Bernard Dashi Tang Ji ၏ ရဟန်းဝါတော် ငွေစင်ဂျူဗလီ ကျေးဇူးတင် မစ္ဆားတရားကို မြစ်ကြီးနားမြို့ St. Luke ဘုရားရှိခိုးကျောင်း ဧဒင်ရပ်ကွက်တွင် ဧပြီလ 8ရက် နံနက် 8 နာရီတွင် ကျင်းပခဲ့ပါသည်။

ဩဝါဒတွင် မြစ်ကြီးနားမြို့ စိန်ကိုလန်ဘန်ကာသီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John Galang La Raw မှ Fr. Bernard ္မ RVA ကချင်ဂျိန်းဖောအစီအစဥ်တွင် Coordinator အဖြစ် 2013 မှ 2018အထိလည်း ကောင်း၊ 2018 မှ 2019 အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ RVA တွင် အယ်ဒီတာဘုတ်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ 2019 မှ 2024 အထိ Program Director အဖြစ် သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။

လက်ရှိတွင်လည်း Fr. Bernard သည် St. Luke’s College, Socio-Pastoral Formation Center ၏ ဒါရိုက်တာတာဝန်နှင့် ဧဒင် သာသနာစီရင်စု၏ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊ RVA မြန်မာဘာသာအစီအစဥ်များ၏ မြန်မာပြည်ရုံးတွင်လည်း အကြံပေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း သာသနာ့တာဝန်ကို ထမ်းဆောင်နေပါသည်။

ဂျူဗလီ ကျေးဇူးတင်မစ္ဆားတရားတော်မြတ်တွင် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားစ်ဘို၊ ရဟန်းတော်များ၊ ဦးပဉ္ဇင်းကြီးများ၊ ကိုရင်များ၊ သီလရှင်များ၊ ဓမ္မဆရာ/မများနှင့် ဘာသာတူများစွာ ပါဝင်ပူဇော်ခဲ့ကြပါသည်။

 

Add new comment

6 + 12 =