ဂျူးလူမျိုးတွေရဲ့ (၇) ခုမြောက်သော ဘာသာရေးပွဲ အကြောင်း

          ဒီနေ့ဖာတာရ်ပြောပြပေးချင်တာက ဂျူးလူမျိုးတွေရဲ့ဘာသာရေး ပွဲတော်ဖြစ်တဲ့ ဘုရားသခင်ကိုယ်တိုင် လုပ်စေခဲ့တဲ့ပွဲ တွေထဲက ၇ခုမြောက်ပွဲတော်အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဘုရားသခင်ကိုယ်တိုင်လုပစေခဲ့တဲ့ ပွဲကသူတို့မှာ (၇) ခုရှိတယ် နှောက်နှစ်ခုက ဘုရားသခင်ကိုယ်တိုင်ကမလုပ်ခိုင်းဘူး ဒါမဲ့လည်း သူတို့အစ္စရာအဲလ် လူမျိုးတွေကို တိုင်က ဘုရားကိုကျေးဇူးတင်တဲ့ အနေနဲ့ လုပ်တဲ့ပွဲနှစ်ခုရှိသေးတယ်။ အခုဒီခုနှစ်ခုမြောက်ကတော့ ဘုရားသခင်ကိုယ်တိုင်လုပ်စေခဲ့တဲ့ ပွဲထဲ‌နောက်ဆုံးတစ်ခုဖြစ်တယ်။

          ဒီအကြောင်းအရာလည်းတော်တော်လေးစိတ်ဝင်စား စရာကောင်းတယ် ကျမ်းစာမှာ ဘယ်လိုရေးထားသလဲ ဆိုရင် ဝတ်ပြုရာကျမ်း ၂၃း၃၃-၄၄ အထိ အပြည့်အစုံရှိပါတယ်။ နည်းနည်းဖတ်ပြမယ်။ ။ တစ်ဖန်မောဇယ်အား ထာဝရ ဘုရားက သင်သည် အစ္စရာအဲလ် အမျိုးသားတို့အားဆင့်ဆိုရမည်ကား သင်တို့သည် သတ္တမလ ၁၅ ရက်နေ့မှစ၍ ခုနှစ်ရက်ပတ်လုံး ထာဝရအဖို့ သကေနီပွဲကို ကျင့်ပရမည် ပထမနေ့၌ သမ္မစည်းဝေးခြင်းကို ကျင်းပရမည် အလုပ်မလုပ်ရ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအားမီးဖြင့်ပူဇော်သော သကာကိုဆပ်ကပ်ရမည်။ အဠမနေ၌လည်း သမ္မစည်းဝေးခြင်းကို ပြု၍ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ပူဇော်ရမည်။ ထူဆန်းသောစည်းဝေးခြင်း ဖြင့်လောကီအလုပ်ကိုမလုပ်ရ စသည်ဖြင့် အများကြီးရှိတယ်။ ဆက်ဖတ်လို့ရှိရင်ဘာပြောထားလဲဆိုတော့ ထိုပွဲတော်ကို သတ္တမလ၌ခံရကြမည် အစ္စရာအဲလ်အမျိုးတို့ကို အဲကုသုပြည်မှ ခေါ်ဆောင်သောအခါ သစ်ခတ်တဲ၌ နေစေကြောင်းကို သင်တို့ အမျိုးအနွယ် အစဉ်အဆင်တို့သည် သိမှတ်မည့်အကြောင်းအစ္စရာအဲလ် အမျိုးသားအပေါင်းတို့သည် သစ်ခတ်တဲ၌ ခုနှစ်ရက်ပတ်လုံးနေကြရမည်။

          အဓိပ္ပာယ်က ဘာလဲဆိုလို့ရှိရင် ဖာရောဘုရင်ခေတ်မှာ မိုးဇယ်ကနေပြီးတော့ အစ္စရာအဲလ်လူမျိုးတွေကို အီဂျစ်ပြည်ကနေမှ ခေါ်ဆောင်သွားတဲ့အချိန်မှာ သူတို့ထွက်လာတဲ့အချိန်ကနေ promise Land လို့ခေါ်တဲ့ ခါနန်ပြည်ကို ရောက်ဖို့ရန်အတွက် သူတို့ နှစ်ပေါင်း ၄ဝ သွားရတယ်။ သဲကန္တာရထဲမှာ နှစ်ပေါင်း ၄ဝ သွားရတယ်။ အဲဒီချိန်မှာ နေလည်းပူမယ် တစ်ခါတလေ အစားလည်းခက်တယ် ရေငတ်တယ် အဲဒါတွေ သူတို့ရင်ဆိုင်ခဲ့တဲ့ အချိန်မှာ ဘုရားသခင်က သူတို့ကို ဘယ်လိုကူညီခဲ့သလဲဆိုရင် သောက်စရာရေလိုရင် ဘုရားသခင်က မိုးဇယ်ကို ကျောက်ကိုရိုက်စေခိုင်းပြီး ရေထွက်စေတယ်။ ကောင်းကင်က မိုးတိမ်ကနေ နှိပ်သိပ်ခြင်းကိုပေးတာ တွေ ဘုရားက ဉီးဆောင်ခဲ့တယ်။ အထူးသဖြင့် သူတို့လမ်းတွေမှာ နားတဲ့အချိန်မှာဆို သူတို့ မှာက တည်မြဲတဲ့အိမ်ဆိုတာ မရှိသေးတဲ့ ခရီးသွားတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ကို တဲအိမ်ကလေးတွေဆောက်ခိုင်းထားတယ်။

          အဲဒီတဲအိမ်ကလေးတွေမှာ အောင့်ပြီးတော့ အစ္စရာအဲလ်လူမျိုးတွေက တစ်နှစ်ပြီးတစ်နှစ် သွားရတယ်။ အဲဒီရွက်ဖျင်တဲလေးတွေနဲ့ နေနေရတဲ့အချိန်မှာ ဘုရားသခင်က သူတို့နဲ့အတူရှိတယ် ဘုရားလည်းသူတို့ကို ကယ်တင်ခဲ့တယ် ကာကွယ်ခဲ့တယ်ဆိုတာကို သူတို့ သတိရအောက်မေ့တဲ့အနေနဲ့ အစ္စရာအဲလ်လူမျိုးတွေက ခုချိနထိ လုပ်ရခြင်းဖြစ်တယ်။ အဲဒါက အစ္စရာအဲလ်လူမျိုးတွေအတွက် ခေတ်အဆက်ဆက်လုပ်ဖို့ ဘုရားသခင်ပေးထားတဲ့ ပွဲလမ်းသဘင်တစ်ခုဖြစ်တယ်။

          အဲဒါကြောင့် အစ္စရာအဲလ်လူမျိုးတွေက အခုချိန်မှာလည်း ဘာသာရေးပွဲကို လုပ်လာတဲ့အခါမှာ သူတို့အိမ်တွေ သူတို့တိုက်ခန်းတွေ အကောင်းစားတွေရှိသော်လည်း သူတို့က တမင်သက်သက် တစ်ပတ်လုံးအပြင်ထွက်ပြီးမှ တောတောင်တွေဆီသွားပြီး အဲဒီမှာ ရွက်ဖျင်တဲတွေဆောက်ပြီးနေလေ့ရှိသည်။ အဲဒီမှာ အနားသွားယူပြီးတော့ အိုဘုရားသခင်က လွန်ခဲ့သော နှစ်ပေါင်း လေးထောင်ငါးရာ ငါးထောင်ဝန်းကျင်တုန်းက သူတို့ရဲ့ဘိုးဘွား အစ္စရာအဲလ် လူမျိုးတွေကို လမ်းမှာ နေပူထဲမှာသော်လည်းကောင်း သဲကန္တာရမှာ နှစ်ပေါင်း ၄ဝ သူတို့ခရီးသွားတဲ့အချိန်မှာ ရွက်ဖျင်တဲ လေးတွေနဲ့သူတို့ လမ်းတွေမှာ ဆောက်ပြီးနေလာတဲ့အချိန်မှာ ဘုရားက သူတို့နဲ့အတူနေခဲ့တဲ့အကြောင်းကို သတိရတဲ့ အနေနဲ့ အခုချိန်မှာ သူတို့က မြို့အပြင်ကို ထွက်ပြီးတော့ တောလေးတွေမှာ ရွက်ဖျင်တဲလေးတွေကို ဆောက်ပြီးတော့ ခုနှစ်ရက်လုံးလုံးအဲဒီမှာသွားနေပြီးကျင်းပရတဲ့ ပွဲဖြစ်ပါတယ်။ ပြောချင်တာက ဘုရားသခင်က သူတို့နဲ့အတူတူနေခဲ့တယ် ဆိုတဲ့အရာဖြစ်တယ် ဆိုတော့ကျွန်ုပ်တို့ ခရစ်ယာန်တွေရဲ့ဆုတောင်းအနေနဲ့တော့ သခင်ယေဇူးက မာရီးယားဝမ်းမှာ လူ့ဇာတိခံပြီးတော့မွေးလာတဲ့အချိန်မှာ လောကသားတွေနဲ့အတူတကွ နေတယ်ဆိုတဲ့ အရာက ဒီအစ္စရာအဲလ် လူမျိုးတွေရဲ့ပွဲကို ပြည့်စုံသွားစေခဲ့တယ်။ ခရစ်ယာန်တွေအတွက်က အစ္စရာအဲလ်လူမျိုးတွေရဲ့ ပွဲကို မကျင်းပတော့ပဲ သခင်ယေဇူးရဲ့ လူ့အဖြစ်ယူခြင်းကို ကျင်းပကြခြင်းဖြစ်တယ်။ အစ္စရာအဲလ်လူမျိုးတွေအတွက်ကတော့ ဒီပွဲကို သကေနီပွဲ ဆိုပြီးတော့ခေါ်ကြပါတယ်။

Fr. Martin Mana Ling (USA)

Add new comment

9 + 3 =