ဘာသာတရားများ၏ ဆွေးနွေးခြင်း စကားပြောဆိုခြင်းအပိုင်း(၁)

အားလုံးမင်္ဂလာပါ ဒီအစီအစဉ်လေးမှာ ပါဝင်ခွင့်ရတဲ့ အတွက် အများကြီးဝမ်းသာပါတယ်။ ဒီနေ့ဖာတာရ် ပြောသွားမဲ့ အကြောင်း အရာကတော့ ဘာသာတရားများ၏ ဆွေးနွေးခြင်း စကားပြောခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြောသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်ပ်တို့ အားလုံးသိတဲ့အတိုင်း ကမ္ဘာကြီးမှာ အဓိက ဘာသာတရားကြီးလေးခုရှိပါတယ်။ မွတ်စလင်မ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ စသည်ဖြင့် ရှိတယ်။ ဒါတွေမကသေးဘူး ဂျူးဘာသာရှိသေးတယ် နတ်ကိုးကွယ်တဲ့ သူတွေလည်းရှိပါတယ်။

အဲလိုလေးတွေမတူညီတဲ့ ဘာသာကြီးတွေရှိနေတာ ဘာကြောင့်လဲ တစ်ဖက်မှာလဲ သူတို့မှာ မတူညီတဲ့ သွန်သင်ချက်တွေ ရှိနေလို့ ဆိုတာကိုလည်း နားလည်ရမှာဖြစ်တယ်။ ဒါမဲ့ ကျွန်ပ်တို့က အဲမတူညီတဲ့ အချက်တွေနဲ့ အော သူက ဗုဒ္ဓမို့လို့၊ သူကဟန္ဒူ၊ သူကမွတ်စလင်မ်၊ သူကခရစ်ယာန်မို့လို့ သူတို့နဲ့ စကားမပြောရဘူး သူတို့နဲ့ မဆက်သွယ်ရဘူးဆိုတာ မဟုတ်ပါဘူး။ အရေးကြီးဆုံးက ကျွန်ပ်တို့က မတူညီတဲ့ဒီလူတွေ ဘာသာပေါင်းစုံနှင့် နေထိုင်ရတဲ့နိုင်ငံ တို့မြန်မာနိုင်ငံမှာ ဖြစ်လာ တဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဘာသာတရားကို သိဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ကျွန်ပ်တို့က စကားပြောလာရမယ်၊ ရင်းနှီးလာရမယ် ဆိုတာလိုအပ်တယ်။ အဲ့ကြောင့် ရင်းနှီးဖို့ စကားပြောလာဖို့ လုပ်ဆောင်တဲ့ အချိန်မှာ နံပါတ်တစ် အရေးကြီးဆုံးအရာက ဘာလဲဆိုတော့။ ဒီဘာသာတရား တစ်ခုစီတိုင်းရဲ့သွန်သင်ချက်ထဲမှာ တူညီတဲ့အချက်တွေကို ကျွန်ပ်တို့ ရှာထားဖို့ ဖြစ်ပါတယ်။

ဥပမာ- ဗုဒ္ဓဘာသာရဲ့ သွန်သင်ချက်ကိုကြည့်မယ်ဆိုရင် အခြေခံအားဖြင့် လူ့အသက်ကိုမသတ်ရ၊ သူများကို ချစ်ခင်ရမယ်၊ လေးစားရမယ်၊ မိဘကိုရိုသေရမယ်၊ မလိမ်ရမခိုးရ၊ သူများသားသမီးမဖျက်စီးရ၊ သူများပစ္စည်းမတပ်မက် ရ ဒီဟာလေးတွေက ဗုဒ္ဓဘာသာရဲ့ အခြေခံသွန်သင်ချက်တွေ ဖြစ်တယ်။ အဲ့တော့ ဂျူးဘာသာရဲ့ ပညက်တော်ဆယ်ပါး မှာလဲ ဒီအချက်တွေပါပဲ။ လူ့အသက်မသတ်ရ၊ မလိမ်ရ၊ မခိုးရ၊ သူများပစ္စည်းတပ်မက်ခြင်းမပြုရ၊ မုတစကားမပြောရ။ ခရစ်ယာန်ဘာသာမှာလဲ ဒီတိုင်းပါပဲ။ ခရစ္စတော်သခင်က ဒီလိုပဲ မခိုးရ၊ သူများသားသမီးမဖျက်စီးရပေါ့နော မလိုမ်ရဘူး မိဘကိုရိုသေရမယ်နော ဒီဟာလေးတွေရှိပြန်တယ်။ ဟိန္ဒူဘာသာနဲ့ မွတ်စလင်မ်ဘာသာမှာလဲ ဒီလိုပဲ။ ဒီအချက်တွေက ဘာသာတိုင်းမှာ တကယ့်ကို တူညီတဲ့ အချက်တွေလို့ခေါ်တယ်။

ဒီအချက်တွေကို ကျွန်ပ်တို့က လေးစားတတ်ပြီ၊ တန်ဖိုးထားတတ်ပြီဆိုရင် ကျွန်ပ်တို့တွေ စကားပြောလို့ရပြီ။ အတူတကွအလုပ်လုပ်လို့ရပြီ။ ရုံးတွေမှာလား အလုပ်ရုံမှာလား အတူတူအလုပ်လုပ်လို့ရပြီ။ စကားပြောလို့ရပြီ အဲကြောင့် ဒီအချက်လေးတွေကို တန်ဖိုးထားဖို့လိုအပ်တယ်ဆိုတဲ့ အကြောင့် ဖာတာရ် ပြောချင်တယ်။ လောကမှာ ဒီဗုဒ္ဓမြတ်စွာဘုရားကို လူတွေကလာမေးကြတယ်။ အောဒီလိုမတူညီတဲ့ဘာသာပေါင်စုံနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသဘောထားရှိသလဲ။ ဆိုတဲ့ဟာကိုလာမေးတဲ့အချိန်မှာ သူကဘယ်လိုပြန်ပြောသလဲ ဖာတာရ် ဖတ်ထားတဲ့ စာပေတစ်ခုမှာပေါ့နော်။ ဘာဖြစ်လို့ကျွန်ပ်တို့က မတူညီတဲ့အရာလေးတွေကိုပဲ ရှာဖွေစုဆောင်းပြီးတော့ အဲ့အရာလေးတွေနဲ့ပဲ အလုပ်ရှုပ်နေရမှာလဲ။ ဒီမတူညီတဲ့အရာတွေတွက်ပဲ အချိန်ကုန်ခံပြီးတော့ အချီးနှီးငြင်းခုန်နေရ မှာလဲ အဲလိုမဟုတ်ဘူး။ ကျွန်ပ်တို့ရှာဖွေရမှာက ဒီဘာသာတရား တစ်ခုစီတိုင်းရဲ့ သွန်သင်ချက်တွေထဲမှာ တူညီတဲ့ အချက်တွေကို ရှာထားဖို့ လိုတယ်။ ရှာထားပြီးတော့ အဲ့ဒီတူညီတဲ့အချက်တွေကို ဘာသာတိုင်းက အတူတကွ လိုက်နာ ကျင့်ဆောင်ခဲ့မယ်ဆိုရင် ဒါအင်မတန်မှ အကျိုးရှိတဲ့ အရာဖြစ်တယ်လို့ ဗုဒ္ဓမြတ်စွာဘုရားက ပြောခဲ့တယ်။ 

ဒါမှန်ကန်တဲ့အရာပါပဲ ရိုမန် ကက်သလစ်အသင်းတော်ကလည်း ဘယ်လိုသွန်သင်ပါသလဲ။ ဆိုတော့ ကျွန်ပ်တို့ လူသားတွေက်အကျိုးဖြစ်စေမဲ့နည်းလမ်းတွေ၊ ချစ်ခြင်းမေတ္တာဖြစ်စေမဲ့နည်းလမ်းတွေ၊ ကမ္ဘာကြီးအတွက် အကျိုးရှိမဲ့ လုပ်ဆောင်ချင်တွေဆိုရင် ဗုဒ္ဓဘာသာပဲအဲ့တာလုပ်လုပ်၊ ဟိန္ဒူဘာသာပဲအဲ့တာလုပ်လုပ်၊ဂျူးဘာသာပဲအဲ့တာလုပ်လုပ်၊ မွတ်စလင်မ်ဘာသာပဲအဲ့တာတွေလုပ်လုပ်၊ ဒါခရစ်ယာန်ဘာသာတွေအနေနဲ့ အဲ့ဒါတွေကိုရိုသေပေးရမယ်။ မြတ်နိုးပေးရမယ်။ လက်ခံပေးရမယ်၊ တန်ဖိုးထားပေးရမယ် ဆိုတဲ့ဟာကို ကက်သလစ်ခရစ်ယာန်ဘာသာကလဲ သွန်သင်ထားပါတယ်။ ဆိုတော့ ကျွန်ပ်တို့အနေနဲ့ အောသူက ဗုဒ္ဓဖြစ်နေတော့၊ မွတ်စလင်မ်ဖြစ်နေတော့၊ခရစ်ယာန်ဖြစ် နေတော့ဆိုတဲ့ ဒီစိတ်တွေကို အရင်ဦးဆုံးဖျောက်ပြစ်ပြီး လူ့ဘောင်လောကအတွက် အကျိုးရှိတဲ့ ဒီတူညီတဲ့ မခိုးရ၊ မလိမ်ရ၊ သူများသားသမီးမဖျက်စီးရ၊ သူများပစ္စည်းမတပ်မက်ရ၊ မိဘကိုရိုသေရမယ် စတဲ့အချက်တွေကို ကျွန်ပ်တို့က အတူတကွ အဲဒါလေးတွေနဲ့ စပြီးမှစကားပြောမယ်ဆိုရင် အလုပ်ရုံတွေမှာလဲအလုပ်လုပ်လို့ရပြီ ကျောင်းတက်ရင်လဲ တစ်ယောက်နဲ့တစ်ယောက်လေးစားလို့ရပြီ ဘာသာကြီးပေါင်းစုံ ခေါင်းဆောင်ကြီးတွေ စကားပြောပြီးသွားပြီဆိုရင်တော့ ဒါဟာ ကမ္ဘာကြီးအတွက်အကျိုးဖြစ်မဲ့ ကောင်းမွန်တဲ့အရာတွေလို့ လူသားတစ်ယောက်ချင်း အခွင့်အရေးကိုကာကွယ် ပေးခြင်း၊ ရရှိစေခြင်းစတဲ့ ကမ္ဘာကြီးအတွက်သော်လည်းကောင်း၊ ကျွန်ပ်တို့ တစ်ယောက်ချင်းစီအတွက်သော်လည်း ကောင်း၊ဘာသာတစ်ခုစီအတွက်သော်လည်းကောင်း၊လူသားတစ်ယောက်ရဲ့အသက်တစ်ခုစီအတွက် သော်လည်းကောင်း အကျိုးပြုမဲ့ ဒီနည်းလမ်းတွေကို ရှာဖွေမယ်ဆိုရင် ကျွန်ပ်တို့အားလုံးအတွက် အကျိုးရှိမဲ့အရာ၊ ကမ္ဘာကြီးအတွက်အကျိုးရှိမဲ့ အရာတွေ့ရှိကြမယ်ဆိုတဲ့ဟာလေး ဖာတာရ်ပြောပြခြင်းဖြစ်ပါတယ်။နားထောင်တဲ့သူတိုင်း ကိုအများကြီးကျေးဇူးတင်ပါတယ်။

တင်ဆက်သူ -Fr. Martin Mana Ling (USA)

Add new comment

5 + 0 =