ရဟန်းမင်းကြီး ဒသမမြောက် ပီအူး၏ ပြောစကားများသည် ကက်သလစ်များ အတွက် ခွန်အားယူဖွယ် ဖြစ်သည်။

ရဟန်းမင်းကြီး ဒသမမြောက် ပီအူး၏ ပြောစကားများသည် ကက်သလစ်များ အတွက် ခွန်အားယူဖွယ် ဖြစ်သည်။

ရဟန်းမင်းကြီး ပီအူး ၁၀ ၌ မွေးချင်း ၁၀ ယောက်ရှိပြီး ဆင်းရဲသော အီတလီမိသားစုမှ ဆင်းသက်လာသည်။ သို့သော် ရဟန်းမင်းကြီး အဖြစ် ရွေးကောက်ခံရပြီးနောက် သူ၏ မစ္ဆားတရားနှင့် အသင်းတော် ဥပဒေ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ၂၀ ရာစုတွင် လူသိအများဆုံး ရဟန်းမင်းကြီး တစ်ပါးအဖြစ် သတ်မှတ်ခံရသည်။

ရဟန်းမင်းကြီး အဖြစ် (၁၉၀၃ ခုနှစ်မှ ၁၉၁၄ ခုနှစ် အထိ) ၁၁ နှစ်ကြာ စိုးစံခဲ့ပြီး Instaurare Omnia in Christo အရာအားလုံးကို ခရစ်တော်၌ ပြန်လည်တည်တံ့စေပါ၊ ဟူသော ဆောင်ပုဒ်ကို စွဲကိုင်ခဲ့သည်။ ပုပ်ပီအူး ၁၀ လက်ထက်တွင် ကိုယ်တော်မြတ် ပင့်ယူနိုင်သည့် အသက်အား ရ နှစ်အထိ ခွင့်ပြုခဲ့သလို မကြာခဏ ကိုယ်တော်မြတ် ပင့့်ယူခြင်း၊ အမိမယ်တော်အား သန္ဒါကြည်ညိုမှုကို အားပေးခဲ့သည်။

ပုပ်ပီအူးသည် ခေတ်သစ်ဝါဒီများ၏ သီသြလော်ဂျီ Modernistic Theology ကိုလည်း ဆန့်ကျင်ခဲ့သလို သမ္မာကျမ်းစာကို အစဉ်ဖတ်ဖို့ ကက်သလစ်များအား တိုက်တွန်းခဲ့သည်။ ဂရီဂိုးရီးယန်း သံစဉ်ဧကျူးခြင်းကိုလည်း ပြန်လည် အသုံးပြုလာခဲ့ပြီး “Breviary အား မွမ်းမံပြင်ဆင်ခြင်း၊ ဗာတီကန် အုပ်ချုပ်ရေး အဖွဲ့များ ပြန်လည် ဖွဲ့စည်းခြင်း၊ ကာနွန်ဥပဒေအား ကုတ်အမှတ် ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

ရဟန်းမင်းကြီး ပီအူး ၁၂ လက်ထက်တွင် ရဟန်းမင်းကြီး ပီအူး ၁၀ အား ၁၉၅၈ ခုနှစ်တွင် ရဟန္တာအဖြစ် တင်မြှောက်ခဲ့သည်။

ဆာတန်မာန်နတ်၏ ဦးခေါင်းကို နင်းချေနိုင်ဖို့ အထောက်အပံ့ ဖြစ်စေနိုင်သော ရဟန်းမင်းကြီး ပီအူး ၁၀ ၏ ဆိုရိုးစကား ၁၀ ခုမှာ

(၁) – “ယေဇူးသခင်ထံ ပို့ဆောင်ပေးသော လမ်းမှာ အဘယ်နည်း။ ခရစ်တော်ထံ ပို့ဆောင်သည့် လမ်းမှာ ကျွန်ုပ်တို့ မျက်မှောက် အရှေ့၌ပင် ရှိပါတယ်။ ထိုလမ်းမှာ ကက်သလစ် အသင်းတော်ပဲ ဖြစ်တယ်။ လူအပေါင်း ထာဝရ ကယ်တင်ခြင်း ရရှိဖို့ရန် အယုတ်အလတ် အမြတ်မရွေး လူသားအပေါင်းကို အမိအသင်းတော်၌ ပေါင်းစပ်ပါဝင်ဖို့ လုပ်ဆောင်ကြရမှာက ကျွန်ုပ်တို့ ကက်သလစ် ခရစ်ယာန် အားလုံးရဲ့ တာဝန် ဖြစ်တယ်။”

(၂) – “ကျွန်ုပ်သည် ဆင်းရဲစွာ မွေးဖွားခဲ့ပြီး၊ ဆင်းရဲစွာ ရှင်သန်ခဲ့ရတယ်။ ဒါကြောင့် ကျွန်ုပ်ဘဝကို ဆင်းရဲစွာ အဆုံးသတ်လိုတယ်။”

(၃) – “ဆာတန်မာန်နတ်တို့ အားကောင်းလာရခြင်းမှာ ကက်သလစ်များ၏ ပေါ့ပေါ့နေမှု၊ အားနည်းမှုတို့ကြောင့် ဖြစ်တယ်။”

(၄) – “စိပ်ပုတီးစိပ်ခြင်းဟာ ဆုတောင်းခြင်းပုံစံများမှာ အလှပဆုံးနှင့် ကြွယ်ဝမှု အရှိဆုံး ပုံစံ ဖြစ်တယ်။ စိပ်ပုတီး စိပ်ခြင်းက ဘုရားရှင်၏ မိခင်မယ်တော် နှလုံးသားထံ ဦးတည်သော ဆုတောင်းခြင်း ဖြစ်သည်။ သင့် မိသားစုမှာ ငြိမ်းချမ်းရေး တည်မြဲလိုလျှင် မိသားစုအလိုက် စိပ်ပုတီးစိပ်ကြပါ။”

(၅) – “ကိုယ်တော်မြတ် စက္ကရမင်တူးဟာ ကောင်းကင်ဘုံသို့ ပို့ဆောင်ပေးတဲ့ ဘေးအကင်းဆုံးနှင့် အထိရောက်ဆုံး နည်းဖြစ်တယ်။”

(၆) – “လူတိုင်း ငြိမ်းချမ်းရေးကို နှလုံးသားမှ လိုလားကြသည်မှာ ယုံမှားသံသယ မရှိပေ။ သို့သော် ဘုရားကို လုံးဝ ပစ်ပယ်၍ ငြိမ်းချမ်းရေးကိုသာ လိုလားသူသည် ရူးသွပ်ရာကျပေတယ်။။ ဘုရားကို ဖယ်ထုတ်လိုက်လျှင် တရားမျှတမှုကို ဖယ်ထုတ်ရာကျပြီး တရားမျှတမှု မရှိလျှင် ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်အားလုံး လက်လွတ် ဆုံးရှုံးရမှာ ဖြစ်တယ်။”

(၇) – “ကလေးသူငယ်များက အသက်အရွယ်ရောက်လို့ အခြား စိတ်ဆန္ဒများ မရှိသေးမီ ယေဇူးသခင်အား သိရှိရန်၊ ချစ်မြတ်နိုးရန် လိုအပ်ပါတယ်။ ဒါမှသာ ဒီကလေးများဟာ အသက်အရွယ်ရလာရင် မကောင်းဆိုးဝါးများရဲ့ တိုက်ခိုုက်မှု၊ အသွေးအသား၏ နှောင့်ယှက်မှုနဲ့ အခြား ရန်သူများအား ခုခံဖို့ သတ္တိရှိမှာ ဖြစ်တယ်။”

(၈) – “ကပ်ဘေးဆိုက်တဲ့ အချိန်ကာလတွေကို ကျွန်တော်တို့ အမှန်တကယ်ပဲ ဖြတ်သန်းနေရပါတယ်။ ဒီလို အချိန်မျိုးမှာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်စီတိုင်းက ခေတ်ပျက်ကြီးကို နိမိတ်ဖတ်တတ်တဲ့ ပရောဖက်များ ကဲ့သို့ ပြုမူကြတယ်။ ဒီလို ဆိုးရွားတဲ့ အခြေအနေများကြားမှာ သနားကြင်နာခြင်းရဲ့ အရှင် ယေဇူးသခင်က ကျွန်တော်တို့ အတွက် မျှော်လင့်ခြင်း သက်တန့်အဖြစ်၊ ဘုရားရှင်နဲ့ လူအကြား ငြိမ်းချမ်းခြင်းကို ပေးဆောင်နေပါတယ်။

(၉) “အသင်းတော်ရှိ ရဟန်းများ အတွက် အတားအဆီးမှာ ယုံကြည်သူ ဘာသာဝင်များအပေါ် မဝံ့မရဲ ဆက်ဆံခြင်း သို့မဟုတ် ဘာသာတူများနှင့် တွေ့ဆုံပြောဆိုဖို့ ဝန်လေး ကြောက်ရွံခြင်း ဖြစ်တယ်။”

(၁၀) “မုန်တိုင်းများ ထန်၍ ကောင်းကင်လည်း မိုက်မှောင်နေပါစေ၊ ကျွန်တော်တို့ ထိတ်လန့်ခြောက်ခြားဖို့ မလိုပါဘူး။ ကျွန်တော်တို့ဟာ နတ်ဆိုးရဲ့ ခေါင်းကို နင်းချေပြီး စွမ်းပကား အရှိဆုံး ကညာစင် အမိမယ်တော်ကို ယုံကြည်အားကိုးမယ် ဆိုရင် ကျော်လွှားနိ်ုင်မှာ ဖြစ်တယ်။”

ကိုးကား

https://bit.ly/36sh8XP

Lawrence Jangma Mung Song

 

Photo courtesy of FSSPX News/Google images

Add new comment

7 + 9 =