ဟိန္ဒူဘာသာ ဘယ်လိုစတင်ပေါ်ပေါက်ခဲ့တာလဲ သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကဘယ်လိုလဲ

ဒီနေ့ပြောပြချင်တဲ့ အရာကတော့ ကျွန်ုပ်တို့ ပြီးခဲ့တဲ့အပတ်က ခရစ်ယာန်ဘာသာ အကြောင်းကိုပြောခဲ့ပြီးပြီ ဒီနေ့ကတော့ ကျွန်ုပ်ဟိန္ဒူဘာသာအကြောင်းကို ပြောပြချင်ပါတယ်။ ဟိန္ဒူဘာသာက ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့အတွက်ကြောင့် ကျွန်ုပ်တို့နဲ့တော့ သိပ်မစိမ်းပါဘူး။ ကျွန်ုပ်တို့ကြားမှာ ရှိနေပြီးသားဖြစ်ပါတယ်။ ဟိန္ဒူဘာသာတရား နဲ့ပတ်သက်ပြီး နှစ်ပေါင်း ၃၀ နီးပါ စာချပုဂ္ဂိုလ်တစ်ဦး အဖြစ်လုပ်ဆောင်ခဲ့သော ဒေါက်တာဘွဲ့ရ ပညာရှင်တစ်ယောက် ရေးထားတဲ့ စာအုပ်ကနေ နည်းနည်းကူးကားပြီး ပြောပြချင်ပါတယ်။ ဆိုတော့ ဟိန္ဒူဘာသာကတော့ ရှေးအကျဆုံး ဖြစ်တယ်။ အခုခေတ်နဲ့ဆိုရင်တော့ နှစ်ပေါင်း လေးထောင်ကျော် တဲ့အနေအထားရှိတယ်။ ဟိန္ဒူဘာသာဝင် လူဦးရေကတော့ တစ်ဘီလီယံ ကျော်ရှိပြီး ကမ္ဘာကြီးရဲ့လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ စတင်တဲ့နိုင်ငံကတော့ ဘယ်ကနေစတင်လဲဆိုရင် အိန္ဒယနိုင်ငံမှာ စတင်ခဲ့ပါတယ်။ 

သူတို့မှာလည်း အင်မတန်မှအရေးကြီးတဲ့ စာအုပ်စာပေတွေရှိတယ်။ သူတို့ရဲ့သင်ကေတက နွားရုပ်ပုံစံလေးတွေကို နေရာအများအပြားမှာတွေနိုင်ပါတယ်။ ဟိန္ဒူဘာသာမှာ စိတ်ဝင်စားစရာကောင်းတာက ဟိန္ဒူဘာသာကို  တည်ထောင်သူ တစ်ဦးတည်းဆိုတာမရှိဘူး ဒါကျွန်ုပ်တို့ တစ်ခြားဘာသာတရားတွေနဲ့ မတူတဲ့အချက် ပေါ့ လူတစ်ဦးကတည်ထောင်တယ်ဆိုတဲ့ဟာ သူတို့မှာမရှိဘူး သူတို့က အဖွဲ့အစည်းနဲ့ စုရင်းစုရင်း နေရင်းနေရင်း နဲ့ တူညီမှုတစ်ခုရရှိလာပြီးတော့ အဲ့ဒါနဲ့ဟိန္ဒူဘာသာဖြစ်သွားတဲ့ ပုံစံရှိတယ်။ နောက်သူတို့မှာ တစ်ခြားဘာသာနဲ့ တူညီတဲ့အချက်တွေကဘာရှိသလဲဆိုတောံ ဥပမာ-ဗုဒ္ဓဘာသာနဲ့တူညီတာတွေက ဂါမဆိုတာရှိတယ် ရမက်ပေါ့နော ဂါမဆိုတာကျွနု်ပ်တို့ အားလုံးသိတဲ့အတိုင်းပဲ အကောင်းဘက်နဲ့သုံးရင် ကောင်းတယ်ဆိုတာ သူတို့ကလည်းပြောထားပါတယ်။ ဥပမာ အောင်မြင်အောင်တစ်ခုခုလုပ်တဲ့ အချိန်မှာ သုံးရင်ဒါ ကိုယ့်ကို တွန်းအားပေး တဲ့အရာပေါ့နော်။ အဆိုးဘက်ကနေသုံးမယ်ဆိုလည်း ဒါ လူဆိုးလူမိုက်ဖြစ်စေတာပေါ့။ 

ဒါကြောင့်ဒီဂါမဆိုတဲ့အရာကို အဆိုးကြီးအနေနဲ့ မြင်ဖို့မဟုတ်ပဲနဲ့ ကောင်းတဲ့ဘက်နဲ့မြင်လို့ရှိရင် ကောင်းတယ် ဆိုးတဲ့ဘက်ကနေဒါ ကိုသုံးလိုက်လို့ရှိရင် ဆိုးသွားစေတာဖြစ်တယ်။  သူတို့မှာတူညီတဲ့တစ်ခုက သူတို့မှာလည်း Reincarnation လို့ခေါ်တဲ့ ပြန်လည်လူဝင်စားခြင်း ဆိုတဲ့အရာလည်း သူတို့မှာ ရှိတယ်လို့ ဆိုထားပါတယ်။ ပြီးတော့ သူတို့မှာ ဘုရားအများကြီးရှိတယ်ပေါ့နော့ ယုံကြည်သက်ဝင်တဲ့ သူတွေက သူတို့ကြိုက်တဲ့ဟာကို ရွေးချယ်ပြီးတော့ ယုံကြည်သက်ဝင်လို့ရပါတယ်။ 

ဒါမဲ့သူတို့ထဲမှာ အရေးကြီးဆုံးဖြစ်တဲ့  အရာအားလုံးကိုသူကဖန်ဆင်းတယ် လူတိရိစ္ဆာန် အားလုံးကို သူကဖန်ဆင်းတယ်ပြီးတော့ အရာအားလုံးကသူ့ဆီပြန်သွားရမယ် ဆိုတဲ့ဘုရား သူတို့ဆီမှာလည်းရှိတယ်ဆိုပါတယ်။ ကျွန်ုပ်တို့ခရစ်ယာန်နဲ့ နည်းနည်းနီးစပ်တယ်။ ကျွန်ုပ်တို့မှာလည်း ဖန်ဆင်းရှင်ဆိုတာရှိပါတယ်။ ဆိုတော့ နောက်မှ ဒီဖန်ဆင်းရှင်နဲ့ပတ်သက်ပြီးတော့ တူညီတဲ့အချက်လေးတွေက ဘာတွေရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပြန်လည် တင်ဆက်ပေးမှာဖြစ်တယ်။ ဒီနေ့တော့ ဟိန္ဒူဘာသာနဲ့ ပတ်သက်ပြီးတော့ အခြေခံအကြောင်းအရာများကို ပြောပြပေး ခြင်းဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Add new comment

2 + 0 =