အပြုသဘော ဆောင်တဲ့ စိတ်ခံစားနဲ့ အပြုသဘောမဆောင်တဲ့ စိတ်ခံစားချက်ကို မိဘအနေနဲ့ ဘယ်လိုရှင်းပြရမလဲ

Dangerous

           ဒီနေ့မှာ မိဘတွေက အမြဲတမ်း အပြုသဘောဆောင်တဲ့ အတွေးတွေကို သွန်သင်ပေးခြင်း ခံရတဲ့ ကလေးဟာ တဖြည်းဖြည်း သူကြီးပျင်းလာပြီး သူလျှောက်လှမ်းရမဲ့ဘဝမှာ ဘေးအန္တရာယ် မကင်းဖြစ်စေပါလိမ့်မယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

          ကလေးငယ်လေးတွေကို မိဘတွေက အပြုသဘောမဆောင်တဲ့ စိတ်ခံစားချက်တွေကို မခံစားရဘူး၊ မပြုလုပ်ရဘူးလို့ သွန်သင်ပေးခဲ့ရင် သူ့တို့ ကြုံတွေ့ရင်ဆိုင်ရတဲ့ ဘဝမှာ ဘယ်လို အဆင့်ဆင့် တိုးတက်အောင်လုပ်ရမယ်ဆိုတာ မသိတော့ပဲ ဘယ်အရာက ကောင်းတယ်၊ ဘယ်အရာ က မကောင်းဘူးဆိုတာ ဝေဝါးလာပြီး ဘယ်လိုပြုမူရမယ်ဆိုတာ မသိဘူးဖြစ်သွားတတ်ပါတယ်။

          အဲ့ဒီလို ကြီးပျင်းလာရတဲ့ ကလေးတစ်ယောက်ဟာ သူ့ teenage adult အရွယ်ရောက်လာတဲ့ အခါမှာ အပြုသဘောဆောင်တဲ့ အပြုအမူတွေ အတွေးတွေကို စိတ်ခံစားချက်တွေကို လျစ်လျူရှု လိုက်ပြီး ပေါက်ကွဲသွားစေတယ်။

          တကယ်တော့ မိဘက ကလေးကို ဘယ်တော့မှ ဒေါသမဖြစ်ရဘူး ရန်မဖြစ်ရဘူး၊ အပြု ဆောင်တဲ့ အမူအကျင့်တွေကို ကျင့်ရမယ်။ အပြုသဘောမဆောင်တာကို ခွင့်မပြုဘူးဆိုတပြီး ထိန်းချုပ်တဲ့အခါမှာ ကလေးက ချုပ်တည်းရပြီး မိဘက ဖိနှိပ်တဲ့ သဘောဆောင်သွားပြီး တစ်ပါးသူ က ဒီကလေးကို လွဲမှားစွာ ပြုမူဆက်ဆံတဲ့ အခါမှာ အပြုသဘောပဲ ဆောင်ရမယ်ဆိုရင် ကလေး အတွက် အန္တရာယ်မဖြစ်စေဘူးလား၊

          ဒါမှမဟုတ် အဆုံးစွန်ထိအောင် ဒီခံစားချက်ကို ဖွင့်ထုတ်လိုက်ရင် ဒီကလေးက ထိန်းချုပ်လို့ မရအောင် ဒေါသတွေနဲ့ ပေါက်ကွဲမှာ အသေအချာဆုံးပါပဲ။

          မိဘတွေရဲ့ အဓိက အခန်းကဏ္ဍက ကလေးတစ်ယောက်ဟာ အပြုသဘောဆောင်တာရော၊ မဆောင်တာရော စိတ်ခံစားချက်တွေရှိတယ်ဆိုတာ မိဘတွေက ကူညီပြီး ဘယ်လိုပြုမူရမယ်ဆိုတာ ပြောပြသင်ပြပေးရမှာပါ။

          ဒါပေမယ့် မိဘက အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်ကသာ okay တယ်လို့ သင်ပေးခဲ့ ရင် ဒါက ကလေးတစ်ယောက်အတွက် ပြဿနာအကြီးကြီးဖြစ်သွားပါပြီ။

          ဒီအချိန်မှာ ကလေးက သူ့တွေ့ကြုံရတာတွေကို ဖြေရှင်းဖို့နည်းသူ့မှာ မရှိတော့ဘူး၊ ဒီတော့ ကလေးရဲ့ စိတ်ခံစားချက်မှာ ဒေါသဖြစ်စေပြီး သူ့ဘဝမှာ ဝမ်းနည်းတာက ကြာရှည်သွားစေပါတယ်။

          ဒီစိတ်ခံစားချက်က ကလေးတစ်ယောက်ကို ဖိနှိပ်ချုပ်ချယ်သလို ဖြစ်သွားစေပြီး ကလေးကို စိတ်ညှိုးငယ်စေတယ်။ စိတ်ပျက်အားလျော့သွားစေပြီး ပြဿနာတွေ မဖြေရှင်းတတ်တော့ပဲ စိတ်သောကရောက်ပြီး စိတ်ဓာတ်ကျသွားစေပါတယ်။    

          ဒါကြောင့် အပြုသဘောဆောင်စေတဲ့ မိဘရဲ့ အုပ်ထိန်းမှုက အင်မတန်မှ ကြောက်ဖို့ ကောင်းတဲ့ သဘောသက်ရောက်စေပါတယ်။ အပြုသဘောဆောင်တဲ့ idea တွေကို ကြိုက်တယ်။ ကိုယ့်ဘဝအောင်မြင်မှုရဖို့ အရာရာတိုင်း အပြုသဘောဆောင်စွာ နေကြရင်း ဘဝအတွက် ကြိုးစားပြီး နေထိုင်ကြတာပါ။

          ဒါပေမယ့် ဘဝလယ်ကွင်းကြီးတစ်ခုမှာ အမြဲပဲ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ပဲ ကျင်းသုံးမယ်ဆိုရင် လက်တွေ့ကျင့်ကြံနေထိုင်ရတာတွေ အလွဲလွဲအချော်ချော် ဖြစ်သွားမှာပါ။

          အဲ့ဒီတော့ သားသမီးကို ပြုစုစောင့်ရှောက်သွန်သင်ရတဲ့အခါမှာ အပြုသဘောဆောင်တဲ့ အတွေးတွေမကြိုက်ဖူးလက်မခံရဆိုတာ ပြောဖို့ကိုလည်း ကြောက်ရွံ့တဲ့ ခံစားချက်တွေ မိဘတွေမှာ ရှိလာပါတယ်။

          ဒီအပြုသဘောဆောင်တဲ့ အတွေးတွေ အပြုအမူတွေက ကလေးတစ်ယောက်(သို့) လူတစ် ယောက်ကို အဆိပ်အတောက်သဖွယ်ဘာကြောင့် ဖြစ်စေတာလဲဆိုတာ စိတ်ခံစားချက်ကို ချုပ်တည်း ရတယ်။ ဖိနှိပ်ရတယ်။ ဒါကကောင်းတဲ့ စိတ်ခံစားချက်ရော မကောင်းတဲ့ စိတ်ခံစားချက်ကော ဖုံးကွယ်ရတာ၊ အဲ့ဒီလိုပြုမူရတဲ့ ကလေးဟာ နောက်တစ်ချိန်မှာ  ထူးခြားပေါ်လွှင်တဲ့ ပြဿနာမျိုးစုံ ဘဝတစ်လျှောက်မှာ ဖြစ်လာစေပါတယ်။ ဘယ်ကလေးမှ ဘယ်သူမှ အမြဲတမ်း အပြုသဘောဆောင် စွာ (သို့)မပြုသဘောအဆောင်စွာနဲ့ မပြုမူကြပါဘူး။ ဒါက မဖြစ်နိုင်ပါဘူး။ လူတိုင်းက ဒွန်တွဲနေတာ ပါ။ ဒါနှစ်မျိုးစလုံးကို လူတိုင်းလက်ခံရမှာပါ။

          ကလေးတစ်ယောက်ကို အပြုသဘောမဆောင်တဲ့ အတွေးအခေါ်ကနေ အကောင်းဆုံးသော နည်းနဲ့ ရှောင်ဖို့က ဘေးအန္တရာယ်မဖြစ်အောင် မိမိကလေးနဲ့ ဆွေးနွေးရမယ် discuss လုပ်ရမယ်။ ခွန်အားပေးရမယ်။ နားလည်သဘောပေါက်အောင် ပြောပြရမယ်။ သူတို့က အပြုသဘောမဆောင် တဲ့ စိတ်ခံစားချက်တွေဖြစ်နေလား။ တိုင်ပင်ရမလဲ။ ဒီလိုဖြစ်နေတာကို မိဘလက်ခံပေးနိုင်ရမယ်။ သူတို့လေးတွေရဲ့ စိတ်ခံစားချက်နဲ့ မိဘက ဦးတည်ပြီး ပြောဆိုပေးရမှာပါ။

          ဒါပေမယ့် မိဘတစ်ယောက်အနေနဲ့ ဘယ်လိုစပြောမလဲ? ကလေးငယ်ကို ခြိမ်းခြောက်သလို လန့်ဖြန့်သလိုပဲဖြစ်သွားစေမယ်။ အထူးသဖြင့် မိဘက စိတ်ပူပြီး ပြောရင် အမှားတွေပါသွားနိုင်ပါ တယ်။ ကလေးအတွက်လည်း ပိုဆိုးသွားနိုင်သေးတယ်။

          ဒီတော့ မိမိကလေးကို အခုလို မေးနိုင်ပါတယ်။ ကလေးက ဘယ်လိုဆန္ဒရှိလဲ၊ ကလေးရဲ့ ရှေ့အတွက် အိမ်မက်ကဘာလဲ? မျှော်လင့်ချက်နဲ့ အိမ်မက်ကို ပေးရပါ့မယ်။ ဘယ်အရာက ကလေးကို စိတ်ပျော်ရွှင်စေတာလဲ။ ဘယ်အရာကတော့ ကလေးရဲ့ စိတ်ကို မပျော်ရွှင်စေတာလဲ?

          အဲဒီလိုမေးတဲ့နည်းက ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို အကြီးကြီး great ways တွေရသွားစေပါတယ်။

          မိဘတွေရဲ့ goal ရည်မှန်းချက်ပန်းတိုင်က မိမိကလေးကို စိတ်ပျော်ရွှင်အောင် စိတ်ရော ကိုယ်ပါ သန်စွမ်းအောင် ကျန်းမာအောင်၊ ကောင်းမွန်တဲ့  ထိန်းညှိထက်မှုတွေရှိအောင် အခြားသူများ နဲ့ ပေါင်းသင်းဆက်ဆံတတ်အောင်တွေပဲ မဟုတ်လား။

          ဒီလိုနည်းလေးတွေနဲ့  ပြုပြင်ပေးတာက အပြုသဘောမဆောင်တဲ့ စိတ်ခံစားချက်ဆိုတာ သာမန်ပဲ ဆိုတာကိုနားလည်လာအောင်လို့ပါပဲ၊ ကလေးတစ်ယောက်အတွက် ဒါတွေက Okay ပဲ ဆိုတာ သိသာသွားစေပါတယ်။

          အရေးကြီးဆုံးက ဘယ်လိုရှုပ်ထွေးပွေလီနေပါစေ။ သေချာတာက မိဘကနေ အပြုသဘော ဆောင်တဲ့ စိတ်ခံစားနဲ့ အပြုသဘောမဆောင်တဲ့ စိတ်ခံစားချက်နှစ်မျိုးစလုံးရှိတာကို အသိပေး ဆောင်ရွက်ပေးလိုက်တာက နောက်တချိန်ကလေးတစ်ယောက် ကြီးပျင်းလာတဲ့အခါ teen adult အရွယ်ရောက်လာတဲ့အခါမှာ သူကိုယ်သူ့ ထိန်းညှိတတ်သွားတဲ့ well adjured အဖြစ်အနေနဲ့ ပြင်ဆင်ပေးလိုက်တာပါပဲ ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။  

 

Add new comment

5 + 2 =