ကော့ပ်တစ်ပ်ဩသိုဒေါ့စ်ရသေ့ (၃) ပါးသတ်ဖြတ်ခံရ

ကော့ပ်တစ်ပ်ဩသိုဒေါ့စ်ရသေ့ (၃) ပါးသတ်ဖြတ်ခံရ

အီဂျစ်နိုင်ငံရှိ ကော့ပ်တစ်ပ်ဩသိုဒေါစ့်ခရစ်ယာန်ရသေ့ (၃) ပါး ရက်စက်စွာဖြင့်အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။ သတ်ဖြတ်ခံခဲ့ရသောနေရာမှာ ၄င်းတို့ရသေ့ကျောင်း၀င်အတွင်း၌ပင်ဖြစ်သည်။

ရသေ့ကျောင်း၏အမည်မှာ စိန့်မာခ်နှင့်စိန့်ဆာမူအဲလ်ဖြစ်ပြီး အာဖရိကတောင်ပိုင်း၊ Johannesburg ၌ဖြစ်ပွားခဲ့သည်။ တောင်အာဖရိမှပြောရေးဆိုခွင့်ရှိရဲတစ်ဦးက ယခုလူသတ်မှုကိုစတင်စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း၊ သတ်ဖြတ်ခံရသောသူတို့မှာ ဓားထိုးသွင်းဒဏ်ရာများဖြင့်တွေ့ရကြောင်း၊ သတ်ဖြတ်ရာ၌ပါမသွားဘဲအသက် ရှင်ကျန်ရစ်သောရသေ့မှာလည်း သံတုတ်ဖြင့်မသေမရှင်ရိုက်နက်ခံခဲ့ရကြောင်း၊ ထိုသို့ရိုက်နက်ခံရပြီးနောက် လွတ်ရာသို့အားကုန်ရုန်း၍ထွက်ပြေး၍အသက်လွတ်မြောက်ခဲ့ကြောင်း အဆိုပါရဲကဖြေကြားခဲ့သည်။

အခင်းဖြစ်ပွားရခြင်း၏ အကြောင်း တရားမှာမရှင်းမလင်းဖြစ်နေသည်။ အာဖရိကတောင်ပိုင်းသည် ကမ္ဘာပေါ်၌လက်နက်အားကိုး၍ ဓာပြတိုက်လုယှက်မှုမကြာခဏဖြစ်ပွားသည့် အမြင့်မားဆုံးသောဒေသ၌လည်း ဖြစ်ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://rb.gy/12veyz

Add new comment

4 + 1 =