ပုပ်ဖရန်စစ်သည် ရောမရှိသာသနာအုပ်စုတစ်ခုသို့ကြွရောက်

ပုပ်ဖရန်စစ်သည် ရောမရှိသာသနာအုပ်စုတစ်ခုသို့ကြွရောက်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် မတ်လ (၈၊ ၂၀၂၄) ရက်နေ့၌ ရောမမြို့၊ ဗာတီကန်နှင့်မလှမ်းမ ကမ်းရှိ သာသနာအုပ်စုတစ်ခုသို့ကြွရောက်ကာ အာပတ်ထိုင်​ပေးခဲ့သည်။

ယခင်နှစ်ကလည်း ယခုတစ်ကြိမ်နည်းတူ လုပ်ဆောင်ခဲ့သည်။ ဤအစီအစဉ်ကို ‘24 Hours for the Lord’ (သခင့်အတွက် ၂၄ နာရီ) ဟုအမည်ပေးထားသည်။ ဤလုပ်ဆောင်ချက်သည် ကမ္ဘာပေါ်ရှိကက်သလစ်များ ပါစကားပွဲတော်ကိုကျင်းပရန်အတွက်ပြင်ဆင်ပေးခြင်းဖြစ်သည်။ ယခုအချိန်ကာလသည် ဆုတောင်းရန်၊ ဘုရားသခင်ကိုရှိခိုးကိုးကွယ်ရန်၊ မိမိတို့အပြစ်များအတွက်နောင်တယူ၀န်ချရမည့်အချိန်ဖြစ်သည်။

ယခုတစ်ကြိမ်သည် (၁၁) ကြိမ်မြောက်ဖြစ်ပြီး ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမှုတော်ကိုထမ်း ဆောင်သည်မှစတင်ခဲ့သည်။ ဤအစီအစဉ်ကို များသောအားဖြင့်၀ါတွင်းကာလ စတုတ္ထပတ်၌လုပ်ဆောင်လေ့ရှိသည်။ ယခုနှစ်၌ ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ပီးအို (၅) ဘုရားကျောင်းသို့ကြွရောက်သည်။ ထိုဘုရားကျောင်းသည် ဗာတီကန်နှင့် (၃) ကီလိုမီတာ (၂ မိုင်မပြည့်တတ်) ခန့်မျှသာ‌ေ၀းသည်။ ဗာတီကန်၏အနောက်ဖက်၌တည်ရှိသည်။ ဤသာသနာအုပ်စုကို (၂၀) ရာစုနှစ်ကဆောက်လုပ်ခဲ့သည်။

ဤဘုရားကျောင်းသို့ပထမဦးဆုံးကြွရောက်သောရဟန်းမင်းကြီးမှာ (၁၉၆၉) စိန့်ပေါလ် (၆) ဖြစ် သည်။ ထို့နောက် (၁၉၇၉) ၌ စိန့်ဂျွန်ပေါလ် (၂)နှင့်လက်ရှိရဟန်းမင်းကြီးဖရန်စစ်သည် တတိယမြောက်ကြွ ရောက်သောရဟန်းမင်းကြီးဖြစ်သည်။

သက်တော် (၈၇) နှစ်ပြည့်ပြီဖြစ်သော ရဟန်းမင်းကြီးသည် အာပတ်ဖြေချိန်ကို ညနေပိုင်း (၄း၃၀) မှစတင်ဖြေကြားပေးဖြစ်သည်။ ယခုနှစ်၏ဦးတည်ချက်မှာ ‘walk in the newness of life’ (သစ်လွင်သောအသက်တာ၌လျှောက်လှမ်းပါ - ရောမဩ၀ါဒစာ ၆း၄) ဟုဖြစ်သည်။

‘သခင်အတွက် (၂၄)’ နာရီအစီအစဉ်၏အစကို (မတ် ၂၀၁၄) ခုနှစ်၌ စိန့်ပီတာဘာစီးလီကာ ဘုရားကျောင်း၌ ရဟန်းမင်းကြီးကိုယ်တိုင်အာပတ်ဖြေဆိုခဲ့သည်။ ရဟန်းမင်းကြီး၏ဦးတည်ချက်သည် လွန် စွာပြတ်သားသည်။ ယခုကဲ့သို့ပြုလုပ်ရခြင်းမှာ ဤစက္ကရာမင်တူးအား စိတ်အားထက်သန်ခြင်း၊ တန်ဖိုးထားမြတ်နိုးစွာဖြင့်ခံယူတတ်ရန်နှိုးဆော်ရန်ဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့်ပင် ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၅ – ၂၀၁၆) အား ‘သနားကြင်နာခြင်းထူးခြားဂျူဗလီနှစ်’ ကိုလည်းကြေညာခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် (မတ် ၂၅၊ ၂၀၂၂) ခုနှစ်ကလည်း လူသားထု၊ ရုရှားနှင့်ယူကရန်းတို့အား ‘အလွန်စင်ကြယ်တော်မူသော မယ်တော်၏ နှလုံးတော်ထံ’ ခမ်းနားစွာဖြင့်ရဟန်းမင်းကြီးမှကြီးမှူး၍ အပ်နှံပူဇော်ခဲ့သည်။ (၂၀၂၃) ခုနှစ် အာဂျင်တီးနာနိုင်ငံမှ ရဟန်းမင်းကြီးအား စိတ်ကြိုက်ရွေးချယ်ပေးလေ့ရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/3ftmy

 

Add new comment

15 + 3 =