ပုပ်ဖရန်စစ်သည် (၂၀၂၄) ခုနှစ် ‘ကမ္ဘာ့ဘိုးဘွားများနှင့်သက်ကြီးနေ့’ ၏ဦးတည်ချက်ကိုတရား၀င်ကြေညာ

ပုပ်ဖရန်စစ်သည် (၂၀၂၄) ခုနှစ် ‘ကမ္ဘာ့ဘိုးဘွားများနှင့်သက်ကြီးနေ့’ ၏ဦးတည်ချက်ကိုတရား၀င်ကြေညာ

မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင် (၂၆) ရက်နေ့ကို ‘မိဘများ (သို့) မိခင်ဖခင်များ’ ၏ပွဲနေ့အဖြစ် အစဉ်အလာမပြတ်ကျင်းပလာခဲ့သည်။ ထိုနေ့သည် ယေဇူးသခင်၏အဖိုးအဖွားများဖြစ်ပြီး အမိမယ်တော်မာရိယာ၏မိဘနှစ်ပါးဖြစ်သော ‘စိန့်ဂျော်ကင်မ်းနှင့်စိန့်အာနား’ တို့၏ပွဲနေ့ကိုအမိကက်သလစ်သာသနာကအ မှတ်ရကျင်းပခြင်းဖြစ်သည်။

လွန်ခဲ့သော (၂၀၂၁) က ရဟန်းမင်းကြီးဖရန်စစ်သည် ဇူလိုင် (၂၅) ရက်နေ့ကို ‘ကမ္ဘာ့ဘိုးဘွားများနှင့်သက်ကြီးရွယ်အိုများနေ့’ ဟုသတ်မှတ်၍စတင်ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၄) နှစ်မြောက်ဖြစ်ပါသည်။ နှစ်စဉ် အဆိုပါပွဲကျင်းပရခြင်း၏ဦးတည်ချက်ကိုလည်းတရား၀င်ကြေညာလေ့ရှိသကဲ့သို့ ယခုနှစ် (၂၀၂၄) ၏ ‘ကမ္ဘာ့ဘိုးဘွားများနှင့်သက်ကြီးရွယ်အိုများနေ့’ ၏ပွဲကိုကျင်းပရခြင်း၏ဦးတည်ချက်ကို ဆာလံကျမ်း (၇၁း၉) မှ ‘Do not cast me off in my old age’ (အသက်အရွယ်ကြီးရင့်လာချိန်၌ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်) ကျမ်းချက်ကိုကောက်နုတ်ထားပါသည်။

ယခုနှစ်ဇူလိုင် (၂၅) သည်ကြာသပတေးနေ့၌ ကျရောက်မည်ဖြစ်သည်။ သို့သော် ကမ္ဘာတစ်၀ှမ်းမှကက်သလစ်ဘာသာတူများအနေဖြင့် ‘ကမ္ဘာ့ဘိုးဘွားများနှင့်သက်ကြီးရွယ်အိုများ’ ပွဲနေ့ကို ဇူလိုင် (၂၈) တနင်္ဂနွေနေ့သို့ပြောင်းရွေ့ကျင်းပရန်ကိုလည်းတဆက်တည်း ညွှန်ကြားထားသည်။ သို့မှသာ အားလပ်ရက်ဖြစ်၍ ဘာသာတူများမိမိတို့ဖိုးဖွားများ၊ သက်ကြီးရွယ်အိုများထံ သွားရောက်လည်ပတ်ရန်အချိန်ပေးနိုင်မည်ဖြစ်သည်။ မိမိတို့အဖိုးအဖွားများ၊ သက်ကြီးရွယ်အိုများထံမှလက် ဆင့်ကမ်းရခဲ့သောအမွေအနစ်များကိုပြန်လည်အမှတ်ရ၍ ကျေးဇူးဆပ်တင်ရန်ဖြစ်သည်။

ရဟန်းမင်းကြီး၏လက်အောက်ရှိ ဘာသာတူများ၊ မိသားစုများနှင့်လူမှု၀န်ကြီးဌာနရုံးတော် ၏ကြေညာချက်ထဲ၌ ဖိုးဖွားများ၊ သက်ကြီးရွယ်အိုတို့၏ ဘာသာရေးယုံကြည်ချက်မည်မျှခိုင်မာခဲ့သည်၊ ဤသို့ သောယုံကြည်ခြင်းဖြင့် မိသားစုအားလည်းပြုစုပျိုးထောင်ခြင်းဖြင့် သာသနာတော်ကြီးအားအဘယ်သို့ကူညီပေးခဲ့သည်များကိုပြန်လည်အမှတ်ရရန်တိုက်တွန်းထားသည်။

သာသနာတော်ကြီးမှ ယခုကဲ့သို့သက် ကြီးရွယ်အိုများအားအလေးထားခြင်းသည် မျိုးဆက်တစ်ဆက်နှင့်တစ်ဆက်လေးစားချစ်ခင်ပြီး သက်ကြီးရွယ်အိုများအထီးကျန်ခြင်းကိုတွန်းလှန်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် (ကမ္ဘာဦးကျမ်း ၂း၁၈) ၌ ‘လူသည်တစ်ဦးတစ်ယောက်တည်းမနေသင့်’ ဟုဆိုထားသောကြောင့်ဖြစ်သည်။

အဆိုပါရုံးတော်၏တာ၀န်ခံ ကာဒီနယ် Kevin Farrell ကလည်း ယခုနှစ်အတွက်ရဟန်းမင်း ကြီးမှရွေးချယ်ခဲ့သော ဦးတည်ချက်အတွက်ကျေးဇူးတင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရွေးချယ်ထားသောကျမ်းချက်သည် သက်ကြီးရွယ်အိုတို့၏ ဆုတောင်းချက်ဖြစ်သည်။ ထိုဆုတောင်းချက်သည် ကျွန်ုပ်တို့၏ မျက်မှောက်လူမှုအသိုင်းအဝိုင်း ၏ကြေးမုံကိုထင်ဟပ်စေသည်။ အဘယ်ကြောင့်ဆိုသော် သက်ကြီးရွယ်အိုများအထီးကျန်မှုသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပျက်လျှက်ရှိသည်။ ၄င်းအပြင်တစ်ခါတစ်ရံ၌ မိသားစုအတွက် ၀န်ထုပ်ကြီးသဖွယ်ဖြစ်၍ စွန့်ပစ်ခြင်းကိုပင်ခံရသည်အထိပြုမူခံနေကြရသည်။ ပိုင်ရှင်မဲ့သက်ကြီးရွယ်အိုများ လည်းနေ့စဉ်တိုးလာလျှက်ရှိသည်။

ဤသို့သောခေတ်ကြေးမုံပြင်ကိုကြုံတွေ့ကြားသိနေရ၍ မိသားစုများနှင့်သာသနာတော်ကြီးက သက်ကြီးရွယ်အိုများအားကူညီစောင့်ရှောက်ရမည့်အစဉ်အလာကောင်း၊ ယဉ်ကျေးမှုကိုပြန်လည်အသက်သွင်းရန်၊ သက်ကြီးရွယ်အိုများကိုအချိန်ပေးရန်၊ ၄င်းတို့၏ခံစားချက်များကိုနားထောင်ပေးရန်၊ လိုအပ်သောအကူအညီကိုပေးရန်၊ မေတ္တာများပြသရန်တိုက်တွန်းနှိုးဆော်နေခြင်းဖြစ်သည်။ သို့မှသာ ဧ၀ံဂေလိတရားတော်၏ချစ်ခြင်းသည် အမှန်တကယ်လက်တွေ့ဖြစ်လာမည်ဖြစ်ကြောင်းကာဒီနယ်ကပြောကြားခဲ့သည်။ ယခုနှစ်ကို ဆုတောင်းခြင်းနှစ်အဖြစ်သတ်မှတ်ထားသောကြောင့် ဤပွဲကိုကျင်းပရာ၌ပို၍အနှစ်သာရရှိပြီး၊ ကျယ်ပြန့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူ့အသိုင်းအ၀ိုင်း အနေဖြင့် အသက် အရွယ်ရနေပြီဖြစ်သောသက်ကြီး ရွယ်အိုများအားမေ့မထားကြောင်း၊ ဘုရားသခင်၏ချစ်ခြင်း၊ ကောင်းမြတ်ခြင်းကိုဖော်ထုတ်ပြသရန်ဖြစ်ကြောင်း၊ ဘုရားသခင်သည်အဘယ်သူ့ကိုမျှမေ့လျော့ချန်လှပ်ထားခြင်းမပြုကြောင်းဖြင့်လည်းကာဒီနယ်က ပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/3dYB7

Add new comment

9 + 2 =