ဖိလစ်ပိုင်ဆယ်ကျော်သက် မိန်းကလေးအားရဟန္တာအဖြစ်တင်မြောက်နိုင်ရေးစတင်စုံစမ်းစစ်ဆေးရန်ဗာတီကန်မှခွင့်ပြု

ဖိလစ်ပိုင်ဆယ်ကျော်သက် မိန်းကလေးအားရဟန္တာအဖြစ်တင်မြောက်နိုင်ရေးစတင်စုံစမ်းစစ်ဆေးရန်ဗာတီကန်မှခွင့်ပြု

မတ်လ (၁၆၊ ၂၀၂၄) ခုနှစ်က ဗာတီကန်၏ရဟန္တာများတင်မြောက်သည့်ရုံးတော်မှ Nina Ruiz Abad အားရဟန္တာအဖြစ်တင်မြောက်နိုင်ရေးစုံစမ်းစစ်ဆေးမှုများကိုစတင်လုပ်ဆောင်နိုင်ခွင့်ကိုခွင့်ပြုလိုက်ပြီဖြစ်သည်။

သူသည် Laoag သာသနာမှဖြစ်ပြီး ဆယ်ကျော်သက်အမျိုးသမီးလေးဖြစ်သည်။ သူသည် (၁၉၉၃) ၌ ကွယ်လွန်ခဲ့ပြီး ထိုအချိန်၌ (၁၃) နှစ်သာရှိသေးသည်။ သူ၏အုတ်ဂူသို့ သူ့အားကြည်ညိုသူများလာရောက်၍ အရိုအသေပေးပြီး သူ၏ကြား၀င်ဆုတောင်ပေးမှုကိုလာရောက်တောင်းခံသောနေရာဖြစ်လာခဲ့သည်။

ရဟန္တာအဖြစ်တင်မြောက်ရန်စတင်နိုင်ပြီဖြစ်ကြောင်းကြေညာခံရသော ကြောင့် သူသည် အဆိုပါလုပ်ထုံး လုပ်နည်း၏ပထမအဆင့်ဖြစ်သော ‘Servant of God’ (ဘုရားသခင်၏အစေခံ) အဖြစ်သတ်မှတ်ခံရပြီဖြစ်သည်။ အကယ် ၍ယခုစတင်လိုက်သော စုံစမ်းစစ်ဆေးမှုများဖြစ်မြောက်ပါက သူသည် အမိကက်သလစ်သာသနာအတွင်း၌ အသက်ငယ်ဆုံးရဟန္တာဖြစ်လာမည်ဖြစ်သည်။

ဇူလိုင် (၂၀၂၃) ခုနှစ်ကပင် ဖိလစ်ပိုင်ကက်သလစ်ဆရာတော်များအဖွဲ့ချုပ်က သူ့အားရဟန္တာအဖြစ်တင်မြောက်ရန်သဘောတူညီမှုရကာစတင်တောင်းဆိုခဲ့သည်။ ယခုဗာတီကန်ရုံးတော်မှခွင့်ပြုချက်ရထားပြီဖြစ်၍ လာမည့် ဧပြီလ (၇) ‘ကရုဏာရှင်ယေဇူး’ တနင်္ဂနွေနေ့၌ Laoang ဂိုဏ်းအုပ်သာသနာ၊ St. William ကယ်သီဒရယ်၌ သာသနာအဆင့်အဖြစ် တရား၀င်ကြေညာမည်ဖြစ်သည်။

ဤဆယ်ကျော်သက်ကလေးမလေးသည်အဘယ်သူနည်း။

သူ့အား (အောက်တိုဘာ ၃၁၊ ၁၉၇၉) Quenzon ၌မွေးဖွားခဲ့သည်။ မိဘနှစ်ပါးမှာ ရှေ့နေကြီးများဖြစ်ပြီး၊ ဖခင်ဖြစ်သူသည် သူ (၃) နှစ်သား၌တိမ်းပါးသွားခဲ့သည်။ သူသည်အစ်မဖြစ်သူ Mary Anne နှင့်အတူ Quezon မြို့ Luzon ကျွန်း၌ကြီးပြင်းလာခဲ့သည်။ သူကလေးဘ၀က ဖိလစ်ပိုင်တက္ကသိုလ် ၌ဖွင့်လှစ်ထားသည့် ကလေးသင်တန်းကျောင်းသို့တက်‌ရောက်ခဲ့သည်။ နောက်ပိုင်း၌ ‘Holy Angels’ မူကြိုကျောင်းသို့တက်ရောက်ခဲ့သည်။

မိခင်ဖြစ်သူသည် ‘ကရုဏာရှင်ယေဇူး’ ကိုလွန်စွာကြည်ညိုသူဖြစ်သည်။ သူသည်အလုပ်ကြောင့် (ဧပြီ ၁၉၈၈) တွင် သမီးများနှင့်အတူ Quezon မြောက်ဖက် မိုင်ပေါင်း (၃၀၀) ‌ေ၀းသော Sarrat တရားရုံးသို့ပြောင်းရွေ့နေထိုင်ခဲ့ရသည်။

Nina Ruiz Abad သည် အထက် တန်းကျောင်းကို Mariano Marco အစိုးရတက္ကသိုလ်၌ တက်ရောက်ခဲ့သည်။ သူသည်ကိုယ်တော်မြတ်ကိုလွန်စွာကြည်ညိုသူဖြစ်သည်။ သူသည်သိတတ်စအရွယ်မှစ၍ စိတ်ပုတီးများ၊ ကျမ်းစာများ၊ ဆုတောင်းမေတ္တာစာအုပ်များ၊ ဘုရားပုံတော်အမျိုးတို့ကို‌ အိမ်နီးနားချင်းများအားလည်းကောင်း၊ ကျောင်းများ၌လည်းကောင်း‌ေ၀ဌပေးတတ်သူဖြစ်သည်။

(၁၉၉၃) ဖာသာရ် Danny Pajarillaga က Nina Ruiz Abad အားပထမဦးဆုံးအကြိမ်တွေ့ဆုံစဉ်ကပင် ဤကလေးမသည် ကိုယ်တော်မြတ်ကိုလွန်စွာချစ်ကြည်ညိုကြောင်း၊ ဆုတောင်းခြင်းကိုလည်းလွန်စွာပြုသူဖြစ်ကြောင်း သတိထားမိခဲ့သည်။ ‘သူသည် သက်၀င်လှုပ်ရှားနေသော ဆုတောင်းခြင်း၊ ဘာသာရေး၏သက်သေဖြစ်သည်။ သူသည်အဖြူရောင်၀တ်စုံကိုသာအစဉ်၀တ်ဆင်သူ၊ စိတ်ပုတီးကိုအမြဲလွယ်ထားသူ’ ဟုသူနှင့်ဆုံဖူး၊ သိဖူးသူတိုင်းပြောစမှတ်ပြုရ၊ အမှတ်ရလျှက်ရှိသည်။

Nina Ruiz Abad (၁၀) နှစ်သား၌ နှလုံးကျဉ်းသော‌ရောဂါရှိကြောင်းရှာဖွေတွေ့ရှိခဲ့သည်။ ထိုသို့ရှာဖွေတွေ့ရှိခဲ့ပြီးနောက် စိတ်ဓာတ်မကျ၊ စိတ်မထိခိုက်၊ သူ၏ပြုမြဲဘာသာရေး၀တ္တရားများကိုလည်းမပျက်မကွက်ဘဲ ပျော်ရွှင်စွာလက်ခံ၍ (၃) နှစ်တာရှင်သန်ဖြတ်သန်းခဲ့သည်။ သူသည်အသက်အရွယ်ငယ်သော်လည်း သူ၏အသက်တာသည် ဆုတောင်းခြင်း၊ ကိုယ်တော်မြတ်ဖူးမြှော်ခြင်း၊ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘု ရားတို့၏ချစ်ခြင်း၊ စည်းလုံးခြင်း၊ နာခံခြင်းကိုမျက်မှောက်ပြုခြင်း၊ အမိမယ်တော်ကိုသဒ္ဓါကြည်ညိုခြင်းတို့ဖြင့် ပြည့်နေသောအသက်တာ၊ နေ့ရက်များဖြစ်ကြောင်း Mayugba ဆိုသူကပြောကြားခဲ့သည်။

ရောဂါကိုစတင်ခံစားရချိန်၌ သူသည်ကျောင်း၌ရှိနေခဲ့သည်။ ချက်ချင်းပင်ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ထိုနေ့ (ဩဂုတ် ၁၆၊ ၁၉၉၃) ဆေးရုံ၌ပင်ကွယ်သွားခဲ့သည်။ သူ့အားစုပေါင်းသချိုင်း ၌မြှုပ်ထားခဲ့သည့် တိုင် သူအားချစ်သော၊ သိသောသူများကလာရောက် ၍ဆုတောင်းပေးခြင်း၊ သူ၏ကြား၀င်ဆုတောင်းပေးမှုကိုခံယူသူများဖြင့်စည်ကားနေသည်။

ယနေ့ခေတ်ကလေး၊ လူငယ်များသည် သူ၏ပုံသက်သေကောင်းကိုစံထား၍ ဆုတောင်းခြင်းအသက်တာ၌ဆွဲဆွဲမြဲမြဲအားကိုးရှင်သန်တတ်ရန်သင်ယူသင့်လှသည်။ သူ၏ဘ၀ဇာတ်ကြောင်းသည် လူများစွာတို့၏ဘ၀အတွက် မည်သည့်ဒုက္ခများနှင့်ကြုံစေကာမူ ဘုရားသခင်နှင့်ပေါင်းစပ်ရှင်သန်ကျော်လွှားရန်သင် ခန်းစာကိုပေးကြောင်း ဖိလစ်ပိုင်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ကြေညာချက်ထဲ၌ဖော်ပြထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်
https://bitly.ws/3gPmk

Add new comment

8 + 2 =