ရဟန်းမင်းကြီး၏ဘာစီးလီကာအားတာ၀န်ယူစောင့်ရှောက်သည့်မူ၀ါဒပြုပြင်ပြောင်းလဲလိုက်

ရဟန်းမင်းကြီး၏ဘာစီးလီကာအားတာ၀န်ယူစောင့်ရှောက်သည့်မူ၀ါဒပြုပြင်ပြောင်းလဲလိုက်

ရဟန်းမင်းကြီး၏ဘာစီးလီကာဟုဆိုလိုက်လျှင် စိန့်ပီတာဘာစီးလီကာဟုလူတိုင်းတွေးမိကြပေမည်။ စာရေးသူကိုယ်တိုင်လည်းရိုးသားစွာ၀န်ခံရလျှင်၌သို့ပင်တွေးမိပေမည်။ သို့သော် သိထားရမည်မှာ ရောမ၌ ရဟန်းမင်း ကြီးဘာစီးလီကာဟုဆိုလိုက်လျှင် ဘာစီးလီကာ (၄) ခုရှိသည်ကိုသိထားရမည်ဖြစ်ပါ သည်။ ကက်သလစ်ဘာသာတူများအနေဖြင့် သတိမူမိခဲ့သူများလည်းရှိသကဲ့သို့၊ သတိမမူမိသူများလည်းရှိပေမည်။

ရဟန်းမင်းကြီး၏ကောင်းချီးမဂ်လာကဒ်ပြား၏ ထောင့် (၄) ထောင့်၌ ရောမမြို့ရှိ ဘာစီးလီကာ (၄) ခု၏ပုံထည့်သွင်းထားသည်။ ၄င်းတို့မှာ (၁) စိန့်ပီတာ၊ (၂) စိန့်ပေါလ်၊ (၃) စိန့်ဂျွန်၊ (၄) စိန့်မေရီမေဂျာတို့ဖြစ် ကြသည်။ ဤဘာစီးလီကာဘုရားကျောင်း (၄) ဆောင်သည် ရဟန်းမင်းကြီး၏ကွပ်ကဲမှုအောက်၌တိုက်ရိုက် ရှိသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရောမမြို့အတွင်းရှိ အဆိုပါဘာစီးလီကာ (၄) ခုအနက်မှ စိန့်မေရီမေဂျာဘာစီးလီကာဘုရားကျောင်းအားစီမံကြပ်မတ်သည့်သူများအတွက် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းအသစ်ကို ပြီးခဲ့သောဗုဒ္ဓဟူးနေကပြန်လည်ချမှတ်ခဲ့သည်။ ယခုစည်းမျဥ်းစည်းကမ်း၌ တာ၀န်ခံများအနေဖြင့် ၀ိညာဉ်ရေးနှင့်တမန်တော်လုပ်ငန်းများကိုသာဇောင်းပေးလုပ်ကိုင်စေရန်ရည်ရွယ် ၍ပြုပြင်ပြောင်းလဲ လိုက်ခြင်းဖြစ်သည်

မတ်လ (၂၀) ရက်နေ့က ရဟန်းမင်းကြီးဖရန်စစ်၏လမ်းညွှန်ချက်အသစ်၌ ရဟန်းမင်းကြီးအနေဖြင့် ဘာစီးလီကာဘုရားကျောင်း၏တာ၀န်ကို ငွေကြေးဆိုင်ရာကိစ္စများမှကင်းရှင်းစွာရှိနေစေလိုကြောင်း၊ သို့မှသာ၄င်းတို့အနေဖြင့်၀ိညာဉ်ရေးနှင့်တမန်တော်အမှုများဖြစ်သော ဘုရားဖူးများအာပတ်ဖြေလို သည့်အခါများ၌ အသင့်ရှိလျှက်စိတ်အားထက်သန်စွာဖြင့် အချိန်ပြည့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းညွှန်ကြားထားသည်။

(ဒီဇင်ဘာ ၂၀၂၁) က ရဟန်းမင်းကြီးဖရန်စစ်သည် အဆိုပါဘာစီးလီကာဘုရားကျောင်းကြီးအား လစ်သူယေးနီးယားဖွား ဂိုဏ်းချုပ်ဆရာတော် Rolandas Makrickas ကို ဘာစီးလီကာဘုရားကျောင်း၏စီမံအုပ်ချုပ်မှုများအား ပြန်လည်စီစစ်ပြုပြင်ရန် အထူးတာ၀န်ခံအဖြစ်ခန့်အပ်ခဲ့သည်။ ဤသို့ပြုလုပ်ရခြင်းမှာလည်း ဘုရား သခင်၏လူမျိုးတော်၏ကောင်းကျိုးအတွက်ဖြစ်သည်။ ဤအဖွဲ့အနေဖြင့် ဘာစီးလီကာ ဘုရားကျောင်းကြီး၏ကြပ်မတ်ကွပ်ကဲပုံနှင့်အတူ အလှူငွေများလည်ပတ်စီးဆင်းမှုအခြေအနေများကိုလည်း စီစစ်ခဲ့သည်။

စိန့်မေရီမေဂျာဘာစီးလီကာဘုရားကျောင်းအား ‘လိုက်ဘေးရီးယား’ ဘာစီးလီကာဟုလည်းခေါ်ကြ သည်။ ဤဘာစီးလီကာအတွင်း၌သန့်ရှင်းသောဓာတ်တော်မွေတော်များဖြစ်ကြသော ‘သန့်ရှင်းသောပုခက်တော်နှင့်စိန့်လုခ်၏ပန်းချီလက်ရာဖြစ်ပြီး၊ ပုံတော်ထဲ၌ မယ်တော်သည်သူငယ်တော်ယေဇူးအားပွေ့ချီထားပြီး သူငယ်တော်ယေဇူးကား ဧ၀ံဂေလိကျမ်းစာအုပ်ကိုကိုင်ဆောင်ထားသော ရောမမြို့သူမြို့သားတို့အားမှိုင်းမသောမယ်တော်’ ပုံတော်များရှိသောဘာစီးလီကာဖြစ်သည်။

ဘာစီးလီကားသည် ရဟန်းမင်းကြီးဖရန်စစ်အတွက် လွန်စွာအရေးပါသောဘုရားကျောင်းကြီးဖြစ်သည်။ ရဟန်းမင်းကြီသည် ပြည်ပသို့တမန်တော်ခရီးမကြွမီ (သို့) ကြွပြီးနောက် အမိမယ်တော်အားကျေး ဇူးတင်သည့်အနေဖြင့်အစဉ်လာရောက်ဆုတောင်းဂါရ၀ပြုလေ့ရှိသည်။ (ဒီဇင်ဘာ ၂၀၂၃) စပိန်နိုင်ငံ၏ (N+) ရုပ်သံမေးမြန်းချက်၌ ရဟန်း မင်းကြီး၏ဖြေကြားချက်တွင် သူ့အနေဖြင့်ပျံလွန်သွားလျှင် ဤဘာစီးလီကာဘုရားကျောင်း၌ မြှုပ်နှံစေလိုကြောင်း သူ၏ဆန္ဒကိုထုတ်ဖော်ဖြေကြားခဲ့ဖူးသည်။ ယခုတာ၀န်ပေးအပ်ခံရသော တာ၀န်ခံအကြီးအကဲမှာ ရဟန်းချုပ် Makrickas ဖြစ်ပြီး သူ့အနေဖြင့် လက်ရှိအမှုတော်ထမ်းနေသော သက်တော် (၇၈) နှစ်ရှိပြီဖြစ်သော ပိုလန်ကာဒီနယ် Stanislaw Rylko ၏အရိုက်အရာကိုဆက်ခံခွင့်ကိုလည်းတစ်ပါတည်းဖော်ပြထားသည်။ ကာဒီနယ်သည် ဤဘာစီးလီကာဘုရားကျောင်း၏တာ၀န်ခံရဟန်းချုပ်အဖြစ် (၂၀၁၆) ကစတင်အမှုထမ်းလာသူဖြစ်သည်။

ဘာစီးလီကာ၏တာ၀န်ခံရဟန်းချုပ်အနေဖြင့် ကာဒီနယ်ဖြစ်ရပြီး သက်တမ်းမှာ (၅) ဖြစ် သည်။ (၅) နှစ်ပြည့်သွားလျှင် ဆက်လက်၍လည်းသက်တမ်းတိုးမြှင့်၍ထမ်းဆောင်စေနိုင်သည်။ တာ၀န်များ မှာ ဘာစီးလီကားဘုရားကျောင်းကြီးအတွင်း လုပ်ဆောင်လျှက်ရှိသော၊ ဘာသာတူဘုရားဖူးများအတွက်လုပ်ဆောင်သင့်သည်များကိုလုပ်ပိုင်ခွင့်ရှိသည်။

ယခုညွှန်ကြားချက်အသစ်၌ တာ၀န်များအပေါ်မူတည်၍ အပိုင်းလိုက်တာ၀န်ခံအသစ် (၂) ခုကိုလည်းထပ်မံဖြည့်စွက်ထားသည်။ လက်ရှိ၌ တာ၀န်ခံများအားတာ၀န်ပေးအပ်ထားခြင်းမရှိသေး၍ ရဟန်းချုပ် Makrickas မှသာတာ၀န်ခံသွားဦးမည်ဖြစ်သည်။ ဘာစီးလီကာဘုရားကျောင်းကြီး၏အလုပ်အမှုဆေင်အသစ်များကိုလည်းဖွဲ့စည်းလိုက်သည်။ အဆိုပါအလုပ်အမှုဆောင်အဖွဲ့ထဲ၌ ရဟန်းချုပ်၊ အသစ်ပြန်လည်ဖြည့်စွက်သောတာ၀န်ခံ (၂) ဦး၊ ဗာတီကန်အားကိုယ်စားပြုသူတစ်ဦး၊ ဗာတီကန်၏ရှေးဟောင်းအမွေအနစ်များထိန်းသိမ်းစောင့်ရှောက်သည့်ရုံးတော်၏ကိုယ်စားလှယ်တစ်ဦးပါ၀င်ဖွဲ့စည်းထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://rb.gy/6c79eg

Add new comment

1 + 13 =