သားသမီးလေးတွေအတွက် စည်းကမ်းတွေချမှတ်တဲ့ခါမှာ ပိုပြီး ထိရောက်စေမယ့် နည်းလေမ်းများ

 

To discipline

ဒီနေ့မှာ သားသမီးလေးတွေအတွက် စည်းကမ်းတွေချမှတ်တဲ့ခါမှာ ပိုပြီး ထိရောက်စေမယ့် နည်းလေးတွေကို တင်ပြပေးသွားချင်ပါတယ်။

တခါတလေမှာ ကလေးတွေက ချမှတ်တဲ့ စည်းကမ်းတွေကို နားမထောင် မလိုက်နာတဲ့ခါမှာ မိဘတွေအတွက် တကယ်ပဲ ခက်ခဲလှပါတယ်။

မိဘတွေရဲ့ အဓိက ရည်ရွယ်ချက်က သူတို့ကို စည်းကမ်းတွေ သင်ပေးဖို့ပဲ မဟုတ်လား။ သား သမီးလေးတွေက ဒီစည်းကမ်းတွေကို မလိုက်နာလို့ မိမိက မကျေနပ်ဘဲ အော်ဟစ်မယ် ဆူပူကြိမ်း မောင်းမယ်။ စိတ်ဆိုးပြီး ဒေါသထွက် ပျာယာခတ်နေရင် ကလေးက ငယ်သေးတယ်။ ဒီစည်းကမ်း တွေကို မလိုက်နာဘဲ အမှားလုပ်တာလဲ အမှန်အကန်ပဲ။ မိဘအနေနဲ့ အခုလို စဉ်းစားကြည့်ရင်ကော မိဘတိုင်းလဲ အမှားလုပ်မိတာပဲ။ သားသမီးလည်း အမှားလုပ်တတ်ကြတာပဲ။ အဲဒီတော့ မိဘရဲ့ အခြေခံ ပန်းတိုင်က စည်းကမ်းရှိဖို့ စည်းကမ်းရှိအောင် သင်ပေးဖို့ အဲဒီတော့ သူတို့နဲ့ ဘယ်လို ညှိယူ align လုပ်ယူရင်မလဲ တွေ့ရတာ့မယ်။ သူတို့အမှားလုပ်တာလည်း သူတို့ကိုယ်တိုင်သိတယ်။ ဒီတော့  ကိုယ့်ရဲ့ မျှော်လင့်ချက်ပန်းတိုင်ကို မပျောက်ပျက်အောင် မိဘနဲ့ သားသမီးကြား alignment လုပ်ယူရ မှာပါ။

မိမိသားသမီးအတွက် သင်ယူပုံ သင်ယူနည်းကို သားသမီးက ဘယ်လိုပုံစံကို ပိုကြိုက်တာလဲ။ တချို့က အမြင်အာရုံ စိတ်ကူးနဲ့ သင်ရင်ရတယ်။ တချို့က မိဘပြောတာကို နားထောင်ပြီး သင်နိုင် တယ်။ တချို့ကျတော့ လက်တွေ့ကို ပြပြီးမှ သဘောပေါက်ပြီး သင်ပေးရတာတွေ ရှိပါတယ်။ မိမိ ကလေးရဲ့ အဓိကအားသာချက်ကို မိဘက ဖော်ထုတ်နိုင်ရင် ကလေးရဲ့ learning style ကို မိဘက နားလည်သွားတာပါပဲ။ အဲဒီတော့ လွယ်သွားတာပေါ့။

တချို့သားသမီးလေးတွေက အရွယ်နည်းနည်း ရောက်လာတဲ့အခါ အခြေအနေတစ်ခုမှာ ဘာ လုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ မိဘကိုလည်း ဖွင့်မပြောဘဲ stuck up ဖြစ်နေတတ်တယ်။ ဒါကို မိဘ က သူတို့ဘယ်မှာ ရှိနေတယ်ဆိုတာ သွားတွေ့ပြီး ဖြေရှင်းပေးတာဟာ မိဘရဲ့ တာဝန်ပါ။ ဆိုလိုတာ က သူတို့လေးတွေကို ပန်မထားဖို့ပါ။ ကလေးသဘာဝက အကူအညီ လိုမှန်းသိပေမယ့် ကိုယ့်ဖာသာ ကြည့်လုပ်မယ် (ဝါ) မိဘကို ဖွင့်မပြောရဲတာတွေလည်း ရှိတတ်တယ်။ ဒါပေမယ့် ဖြစ်မလာဘူးဆိုတာ လည်း သိနေတယ်။ ဒီတော့ မိဘက အချိန်ပေးပြီး သွားတွေ့ရမှာပါ။ တတ်နိုင်တာကို လုပ်ပေးရမှာပါ။

သိပ္ပံပညာရှင်တွေက အခုလို ဆိုထားတယ်။ သားသမီးလေးတွေရဲ့ တကယ့် မိဘစကား နား ထောင်ချင်တဲ့ ဦးနှောက်ရဲ့ အပိုင်းက အရှေ့ပိုင်းမှာရှိတယ်။ အဆင့်မြင့်တဲ့ အတွေးအခေါ်ကလည်း အဲ့ဒီအရှေ့ပိုင်းမှာပဲရှိတယ်။ ကြောက်တာတို့၊ ရန်ဖြစ်ချင်တာတို့၊ လွတ်မြောက်ဖို့ ထွက်ပြေးတာတို့က ဦးနှောက်ရဲ့ အလယ်ပိုင်းက အလုပ်လုပ်တာလို့။ ဒါက သဘာဝတရားကြီးက ဖန်တီးထားတာလို့ ဆိုပါတယ်။ ဒါကြောင့် မိဘအနေနဲ့ နောက်ပြန်တလှမ်းလောက် ပြန်လှမ်းပြီး သူတို့ရဲ့ ဦးနှောက် အရှေ့ပိုင်းကို သက်ဝင်လာအောင် လုပ်ပေးရအုံးမယ်။

မိဘအနေနဲ့ မိမိရဲ့ ဆုံးမတာ စည်းကမ်းချထားတာတွေကို အသိအမှတ်ပြုစေချင်ပေမယ့် ကလေးဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ မဆို ရွေးချယ်မှုဆိုတာ ရှိရပါမယ်။ ရွေးချယ်ခွင့်ပေးရမှာ ပေါ့နော်။ မိဘရဲ့ ဆိုဆုံးမမှုကို နားမထောင်တာလဲ သူတို့ရဲ့ ရွေးချယ်မှုတစ်ခုပဲ။ ဘဝမှာ အားလုံးကို ရွေးချယ်ရမယ်လို့ မဆိုလိုပါဘူး။ ကျွန်မတို့တတွေရဲ့ တစ်သက်တာဖြစ်ပျက်နေမှုတွေမှာ ကိုယ်တိုင် ရွေးချယ်ရမှာပါ။ မိဘရဲ့ ဆိုဆုံးမမှုကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဖြစ်ခဲ့ရင် နောက် တစ်နည်း စဉ်းစားရမှာပါ။

တခါတလေ သားသမီးရဲ့ ရွေးချယ်မှုက စိုးရွံ့ထိတ်လန့်ဖွယ် ဖြစ်ပေမယ့် သူတို့အတွက် ကောင်းမွန်မှန်ကန်တယ်လို့ မှတ်ယူကြတယ်။ ဒီတော့ မိဘက သူတို့ရွေးချယ်မှုကို စီစဉ်ပေးတဲ့အခါ မှာ သူတို့အတွက် သင်ခန်းစာတစ်ခုကို သင်ယူရရှိလိုက်သလို ဖြစ်စေတဲ့အတွက်ပါ။ ဒါဟာ မိဘရဲ့ ကလေးတွေကို သင်ပေးဖို့အတွက် goal တစ်ခုပဲ မဟုတ်ပါလား။

ကလေးတစ်ယောက်မှာ တွေးတော ဆင်ခြင်မှုအဆင့်နှစ်မျိုးလောက်ရှိပါတယ်။ တချို့ကလေး က အနိမ့်ဆုံး တွေးတောမှု အဲဒီမှာ ထိန်းချုပ်မှုမရှိဘူး။ နဲနဲတွေးတော ဆင်ခြင်တတ်ရင် ကလေးဆိုရင် သူ့မှာ ထိန်းချုပ်တတ်တဲ့အတွက် အကျိုးဆက်ကောင်းတွေ ရတယ်။ မိမိရှင်းပြတာကို အလွယ်တကူ နားလည်သဘောပေါက်မယ်။ တစ်နည်းပြောရရင် ရွေးချယ်မှု ဦးဆောင်မှု တိကျသေချာတယ်။ သူတို့ ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိတယ်။ အဲဒီတော့ မိဘရဲ့ အဓိကရည်ရွယ်ချက်က သူတို့ဘဝရဲ့ အမှန် အမှားကို ရွေးချယ်တတ်ဖို့ လိုချင်ရချင်တာပဲ မဟုတ်လား။

မိဘဆိုတာ ကိုယ်ပြောတဲ့အတိုင်း အပြောင်းအလဲမရှိဖြစ်နေရမှာပါ။ သားသမီးလေးတွေရဲ့ ယုံကြည်မှုရအောင် လုပ်ဆောင်ပြရမှာပါ။ အဲဒီလို အပြောင်းအလဲမရှိရင် သူတို့ရဲ့ ယုံကြည်မှုကို ပိုရ လာမှာပါ။

သားသမီးလေးတွေကို စည်းကမ်းပြပေးတဲ့ခါမှာ စည်းကမ်းရယ် အကြမ်းဖက်တာရယ် အတင်းအဓမ္မရယ် ရောထွေးပြီး ရှိနေတတ်တယ်။ ဒါဟာ မိဘတွေအတွက် အကျပ်အတည်း အခက် အခဲတွေ ဖြစ်စေတဲ့အတွက် မရောထွေးသွားဖို့ လိုပါတယ်။ ဂရုဏာမေတ္တာတွေနဲ့ စည်းကမ်းချဖို့က အရေးကြီးလှပါတယ်။

အားလုံးသိကြတဲ့အတိုင်း ကလေးတွေက မျက်မြင်နဲ့ သင်တာထက် မိဘရဲ့ ပြောစကားတွေနဲ့ စည်းကမ်းချပေးတာကို ပိုလိုလားကြတာပါ။ ကျွန်မတို့ရဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း ပတ်သက်နေ တာပါ။

ဒါကြောင့် မိမိသားသမီးလေးတွေ မိမိချထားတဲ့ စည်းကမ်းကို လိုက်နာစေချင်ရင် မိမိကိုယ် တိုင်က လောကဥပဒေ စည်းကမ်းတွေကို လိုက်နာပြတာဟာ သားသမီးက ပုံသက်သေအဖြစ် မြင်ပြီး လက်ခံလိုက်နာလာမှာပါ။ Role model ပေါ့နော်။ ဒါဟာ အခြေခံအရင်းအမြစ်ပါပဲ။ မိမိချမှတ်တဲ့ စည်းကမ်းတွေကိုလည်း လိုက်နာကြမှာပါဆိုတာ message ပေးရင်း ဒီတစ်ပတ်အတွက် နိဂုံးချုပ် လိုက်ပါတယ်။

 

Add new comment

4 + 3 =